စက်တင်ဘာ - ၁၈ ( ကြာသပတေးနေ့ )
အနောက်ပစိဖိတ်ဒေသရှိ အပူပိုင်းမုန်တိုင်းငယ်နှစ်ခုသည် လာမည့်သီတင်းပတ်အတွင်း ဖိလစ်ပိုင်မြောက်ပိုင်း၊ ထိုင်ဝမ်တောင်ပိုင်း၊ တရုတ်တောင်ပိုင်းနှင့် ဟောင်ကောင်တို့ကို သက်ရောက်မှုရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံရှိ မီရာဆော လို့ လူသိများတဲ့ ပထမဆုံးမုန်တိုင်းက တောင်တရုတ်ပင်လယ်ထဲမှာ အားကောင်းလာ ပြီး ဒီကနေ့ပဲ အပူပိုင်းမုန်တိုင်းအဖြစ်သို့ပြောင်းလဲကာသွားပါတယ်။ မုန်တိုင်းက အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ သောကြာနေ့နှောင်းပိုင်းမှာ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ မိုးကြီးပြီး လေပြင်းတာကြောင့် ရေကြီးခြင်း၊ ရွှံ့မြေပြိုကျခြင်း၊ အဆောက်အဦများ ပျက်စီးခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး နှောင့်နှေးခြင်းများ ဖြစ်လာနိုင်ပါတယ်။
ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဒုတိယအပူပိုင်းမုန်တိုင်းငယ်(Depression)သည် လာမည့်ရက်အနည်းငယ်အတွင်း အနောက်မြောက်ဘက်သို့ ရွေ့လျားလာကာ ပိုမိုအားကောင်းလာမယ်လို့လည်း ခန့်မှန်းထားပါတယ်။ မုန်တိုင်းက အနောက်ဘက်ဘက်ကို ဦးတည်နေပြီး ယခုသီတင်းပတ်ကုန်တွင် အားကောင်းလာနိုင်ပါတယ်။ အခုသီတင်းပတ်အကုန်မှာ ပင်လယ်ပြင်ကို ဖြတ်ပြီး လာမယ့်သီတင်းပတ် အစောပိုင်းမှာ ကုန်တွင်းပိုင်းကို ဝင်လာနိုင်ပါတယ်။ တစ်နာရီကို မိုင် ၁၅၀ နှုန်းလောက်နဲ့ တိုက်ခတ်နိုင်ပါတယ်။
REF: UPI
https://t.me/MyanmarNationalPost


No comments:
Post a Comment