ကြံခင်း၊ စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရှုးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့် ဝေခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တို့တွင် ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ဟောပြောပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ ကျင်းပရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းကိုက ခွေးရှုးရောဂါဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပြီး မြို့နယ်ရုံးဝန်ထမ်းများက ခွေးရှုးရောဂါနှင့် စပ်လျဉ်းသည့် အသိပညာပေး လက်ကမ်းစာစောင်များအား မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများအား ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး ရှေ့တွင် ခွေးရှုးရောဂါ ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် ခွေးရှုးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေး ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment