ငပုတောမြို့နယ်အတွင်းရှိ ဒြပ်သတ္တုပစ္စည်းများနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ငပုတောမြို့နယ်အတွင်းရှိ ဒြပ်သတ္တုပစ္စည်းများနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး




ငပုတော ၊ စက်တင်ဘာ ၁၁


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ မြို့နယ်အ‌တွင်းရှိ ဒြပ်သတ္တုပစ္စည်းများနှင့် ဆက်စပ်လုပ်ငန်းများအား မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ထားရှိမှုအ‌ခြေအနေအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးပိုင်စိုး၊ မြို့နယ်သစ်တောဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင်းထွန်းနိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။


ထို့သို့ကြည့်ရှူစစ်ဆေးရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း ရှိ/မရှိ၊ ဒေသအုတ်လုပ်ငန်းဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များအနေဖြင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။


အောင်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)