ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် မြန်မာအီလက်ထရောနစ်မဲပေးစက် Myanmar Electronic Voting Machine (MEVM) စက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းနှင့် MEVM စက်များဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် မြန်မာအီလက်ထရောနစ်မဲပေးစက် Myanmar Electronic Voting Machine (MEVM) စက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းနှင့် MEVM စက်များဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားသို့ တက်ရောက်

 


ဟားခါး ၊ စက်တင်ဘာ ၁၁


မြန်မာအီလက်ထရောနစ်မဲပေးစက် Myanmar Electronic Voting Machine ( MEVM ) စက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းနှင့် MEVM စက်များဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနား ကို စက်တင်ဘာလ ၁၁ ရက် နံနက် ၉ နာရီခွဲက ဟားခါးခရိုင်စုပေါင်းရုံးရှိ ချယ်ရီခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ ခေတ္တပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေ ၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇာထန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဗဟိုအဆင့်နည်းပြများ၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် နိုင်ငံတော်၏ နောက်ဆုံးပန်းတိုင် ရည်မှန်းချက်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်ဆက်နွယ် တာဝန်ယူထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသည့်လုပ်ငန်းစဉ်သည် အဓိကကျသည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ယခုကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် စက်ကိရိယာကိုအသုံးပြု၍ ဆန္ဒမဲပေးရမည်ဖြစ်ကြောင်း၊ စက်နှင့်မဲပေးခြင်းနှင့်ပတ်သက်၍ နည်းပြဆရာဖြစ် သင်တန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဗဟိုနည်းပြအဖွဲ့ဝင်များဦးဆောင်၍ သင်တန်း ပို့ချပြီးဖြစ်ပြီး ထင်ထားသည်ထက် လွယ်ကူရှင်းလင်းပါကြောင်း ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် Myanmar Electronic Voting Machine (MEVM) သည် ဂဏန်းတွက်စက် (Calculator) အဆင့်ထက် အနည်းငယ်မြင့်ပြီး ဂဏန်းပေါင်းစက်အသုံးပြုနိုင်သူ မည်သူမဆို အသုံးပြုနိုင်အောင် စီမံဖန်တီးပေးခြင်းဖြစ်ကြောင်း ၊ MEVM မဲပေးစက်ကို အကြိမ်ကြိမ်စမ်းသပ်ပြီးမှ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း အာမခံသည်ဟု သိရှိရပါကြောင်း ၊ MEVM စက်အသုံးပြုခြင်းဖြင့် မဲမသမာမှုမရှိခြင်း၊ အချိန်တို ( စက္ကန့်ပိုင်း ) အတွက် တိကျမှန်ကန်စွာ မဲရေတွက်နိုင်ခြင်း ၊ ကိန်းဂဏန်းလွဲမှားမှု မရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းစသည့် အားသာချက်များရှိကြောင်း၊ ၎င်းအာသာချက်များကို အပြည့်အဝအသုံးပြုနိုင်ရန်အတွက် မဲရုံတာဝန်ရှိသူများက MEVM မဲပေးစက်အား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းသည် လူနှင့်စက်ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းဖြစ်ကြောင်း ၊ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နည်းပြအဖွဲ့များကိုယ်တိုင် သင်တန်းပို့ချသည့်အချိန်တွင် သင်တန်းတက်ရောက်ကြသူများအနေဖြင့် သေချာမှတ်သားပြီး နားမလည်သည့်အချက်များရှိပါက ရဲရဲဝင့်ဝင့် မေးမြန်းကြစေလိုကြောင်းနှင့် “ အများယုံကြည့်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့ ” ဟူသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ပုဒ်အတိုင်း လွတ်လပ်၊ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲကြီး အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ဆောင်ရွက် ကြရန် တိုက်တွန်းကြောင်းဖြင့် အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသူများအား အားပေးစကားပြောကြားသည်။


ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဗဟိုအဆင့်နည်းပြ ဦးကိုကိုမောင်က မြန်မာအီလက်ထရောနစ်မဲပေးစက် Myanmar Electronic Voting Machine ( MEVM ) စက် ကိုင်တွယ်အသုံးပြုနည်းနှင့် MEVM စက်များဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ သင်ကြားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)