စက်တင်ဘာ - ၂၂ ( တနင်္လာနေ့ )
ပါကစ္စတန်လေတပ်သည် ခိုင်ဘာ ပတ်တန်ခဝါပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ရာ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် လူ ၃၀ သေဆုံးခဲ့ပါတယ်။ ပါကစ္စတန် ဂျက်တိုက်လေယာဉ် JF-17 မှ LS-6 ဗုံး ၈ လုံး ပစ်ချခဲ့ရာ တီရာ တောင်ကြားရှိ မာထရီ ဒါရာ ရွာပေါ်ကို ဒီနေ့ မနက်ပိုင် ၂ နာရီခန့်က ကျရောက်ပေါက်ကွဲသွားခဲ့ပါတယ်။ အွန်လိုင်းပါ်က အခင်းဖြစ်ပွားရာနေရာရှိ ရုပ်ပုံများနှင့် ဗီဒီယိုတွေမှာတော့ စိတ် အနှောက်အယှက်ဖြစ်စရာ ကလေးငယ်များပါဝင်တဲ့ ရုပ်အလောင်းများကို တွေ့ရပါတယ်။
အခင်းဖြစ်ပွားတဲ့ နေအိမ်များနှင့် လမ်းများပေါ်တွင် အလောင်းများ ပြန့်ကျဲနေတာကို သတင်းများက ဖော်ပြကြပါတယ်။ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများက စုံစမ်းစစ်ဆေးရန် တောင်းဆိုထားပြီး အရပ်သားများကို အကာအကွယ်ပေးရန်နှင့် ချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိရန် တိုက်တွန်းထားပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပါကစ္စတန်စစ်တပ်နဲ့ အစိုးရက နှုတ်ဆိတ်နေပါတယ်။ အဲ့လို တရားဝင်နှုတ်ဆိတ်နေခြင်းက အရင်တုန်းက ဘိုလိုချစ်စတန် ပြည်နယ်မှာ ပါကစ္စတန်စစ်တပ်က နိုင်ငံသားတွေအပေါ် လုပ်ဆောင်ချက်များနဲ့ ဆင်တူနေသလိုဖြစ်နေပါတယ်။
REF: News 18
https://t.me/MyanmarNationalPost

No comments:
Post a Comment