အာဆီယံနိုင်ငံ သတင်းများ
စက်တင်ဘာ - ၂၂ ( တနင်္လာနေ့ )
အင်ဒိုနီးရှား ။ ။ ဂိုရွန်တာလို ပြည်နယ် လွှတ်တော်အမတ် ဝါယူဒင် မိုရီဒူ က တစ်တော့မှာ နိုင်ငံပိုင်ငွေများကို ခိုးယူမယ်လို့ ကြွားလုံးထုတ်တဲ့ ဗီဒီယိုတင်လိုက်တဲ့ အတွက် သူ့ကို မိခင်ပါတီဖြစ်တဲ့ Indonesian Democratic Party of Struggle (PDI-P) က ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။ သာမန်အလုပ်သမားများရဲ့ အနည်းဆုံး လုပ်ခကြေးငွေထက် အဆများစွာပိုနေတဲ့ ဒေသဆိုင်ရာနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များရဲ့ ထောက်ပံ့ကြေးများ နဲ့ ပတ်သက်ပြီး လူအများရဲ့ဝေဖန်မှုများကြားတွင် အဆိုပါဗီဒီယိုထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ ( ဂျာကာတာဂလုပ်)
အင်ဒိုနီးရှားက ဆန်စက်ပိုင်ရှင်တွေနဲ့ ဆန်ကုန်သည်တွေ အမြတ်အစွန်းတွေ နည်းလာတဲ့ ဖိအားကို ခံစား နေရပါတယ်။ ဈေးကွက်ပေါက်ဈေးတွေ မြင့်တက်လာမှုက ထောက်ပံ့ကြေးပေးမှုက တင်းကျပ်လာတာရယ်၊ အစိုးရပေးတဲ့ဈေးနှုန်း ၊ ကွင်းထဲအရောက်ဝယ်ရတဲ့ ဈေး ၊ စပါးလက်လီဈေးတွေက ကွာခြားချက် ကျဉ်းမြှောင်းလွန်းတဲ့ အတွက် အမြတ်အစွန်းတွေကို လာရောက်ထိခိုက်နေပါတယ်။ ( ဂျာကာတာပို့စ်)
လာအို ။ ။ လာအိုနှင့် တရုတ်နိုင်ငံတို့သည် စွမ်းအင်ကဏ္ဍကို မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ၅၀၀ ကေဗွီ လာအို-တရုတ်လျှပ်စစ်ဓာတ်အားလိုင်းချိတ်ဆက်မှုစီမံကိန်းသည် လာအိုနိုင်ငံအတွက် စွမ်းအင်လုံခြုံမှုပေးမည့် အဓိကပရောဂျက်တစ်ခုဖြစ်လာပါတယ်။ (ဗီယန်ကျင်းတိုင်းမ်)
ပိခ် ခရိုင် ဟေး တောင်မှာ တရားမဝင် ရွှေတူးဖော်မှုကို တားဆီးဖို့ အစိုးရ အေဂျင်စီတွေ စတင်ဆောင်ရွက်နေပါပြီ။ သံသယရှိသူအများအပြားကို ရွှေသတ္တုရိုင်းအမြောက်အမြားနှင့်အတူ ဖမ်းဆီးခဲ့ပါတယ်။ အဆိုပါ စစ်ဆင်ရေးသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် တရားမဝင် တူးဖော်မှုကို ရပ်တန့်ရန် ရည်ရွယ်ပါတယ်။ ( ဗီယန်ကျင်းတိုင်းမ် )
ဖီလစ်ပိုင် ။ ။ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် အာ မာကို့စ်ဂျူနီယာ က တနင်္ဂနွေနေ့တွင် မနီလာမြို့ရှိ မာလာချန်နန်း အနီးတွင် ပြုလုပ်ခဲ့တဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဆန္ဒပြပွဲများကို ကိုင်တွယ်ရာတွင် ရဲတပ်ဖွဲ့အား “အမြင့်ဆုံး သည်းခံနိုင်မှု” ကို ကျင့်သုံးရန် အမိန့်ပေးခဲ့ပါတယ်။ ( ဖီလစ်ပိုင် သတင်းအေဂျင်စီ)
ရေလွှမ်းမိုးမှု ထိန်းချုပ်ရေး စီမံကိန်းတွေမှာ အကျင့်ပျက်ခြစားမှုတွေ ဖြစ်လို့ မာလာချန်နန်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေရာ အဲ့ဒိအရှိန်ကြောင့် ဖိလစ်ပိုင်စစ်တပ်ထဲမှာ သဘောထားကွဲလွဲမှုတွေဖြစ်ပြီး မငြိမ်မသက်မှုတွေ ဖြစ်နေတယ် ဆိုတာ မဟုတ်ဘူး လို့ အစိုးရပိုင်းက သတင်းထုတ်ပြန်ပါတယ်။ ( ဖိလစ်ပိုင်သတင်း အေဂျင်စီ )
စင်ကာပူ ။ ။ စင်ကာပူမြစ်ဘေးတစ်လျှောက်က ဘားတွေ နဲ့ ကလပ်တွေကို ညဉ့်နက်တဲ့ အထိ ဖွင့်ထားပါတယ်ဆိုပေမဲ့ ညနက်အောင် နေတဲ့သူတွေအတွက် အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေးယာဉ်တွေ မရှိလို့ အပြန်ခက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ( စီအန်အေ)
ဗီယက်နမ် ။ ။ ကွန်ပျူတာများ၊ အီလက်ထရွန်းနစ်ထုတ်ကုန်များနှင့် အစိတ်အပိုင်းများသည် ဩဂုတ်လတွင် ဗီယက်နမ်နိုင်ငံရဲ့ ကုန်သွယ်မှုကို လွှမ်းမိုးထားပါတယ်။ တရုတ်က ကုန်ပစ္စည်းများကို အများဆုံးပေးသွင်းသူဖြစ်ပြီး အမေရိကန်က အများဆုံး ဝယ်ယူတဲ့ နိုင်ငံဖြစ်ပါတယ်။ ဗီယက်နမ်၏ စုစုပေါင်းကုန်သွယ်မှုသည် ဩဂုတ်လတွင် အမေရိကန်ဒေါ်လာ ၈၃ ဘီလီယံ ရှိခဲ့ပါတယ်။ ( ဗီယက်နမ် ပလက် )
ဟိုချီမင်းမြို့ သည် Vietnam Interior and Build Expo (VIBE 2025) ကို ဆိုင်ဂုံ ကွန်ဗန်းရှင်စင်တာမှာ အောက်တိုဘာ ၁ ရက်မှ ၄ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။ ပြခန်းပေါင်း ၅၅၀ ခန့်မှာ ဗိသုကာပညာ၊ အဆောက်အအုံ အတွင်းပိုင်း အဆင်အပြင် နဲ့ ဆောက်လုပ်ရေးပစ္စည်းများကို ပြသမှာဖြစ်ပါတယ်။
( ဗီယက်နမ် နယူးစ် )
https://t.me/MyanmarNationalPost

No comments:
Post a Comment