ကျွန်းလှမြို့နယ်၌ မိုးမြေပဲစိုက်ဧက ၄၁၀၀ ကျော်ရိတ်သိမ်းပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျွန်းလှမြို့နယ်၌ မိုးမြေပဲစိုက်ဧက ၄၁၀၀ ကျော်ရိတ်သိမ်းပြီးစီး




ကျွန်းလှ  ၊ စက်တင်ဘာ ၂၂


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သော မြေပဲစိုက်ဧက ၄၁၀၀ ကျော် ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 “ဒီနှစ်မိုးရာသီမှာ ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများ စိုက်ပျိုးကြပါတယ်။ မြေပဲကို မိုးရာသီနဲ့ ဆောင်းရာသီမှာ စိုက်ပျိုးကြပါတယ်။ အခုအခါ ၄၁၅၁ ဧက ရိတ်သိမ်းပြီး တစ်ဧကလျှင် ၄၁ ဒသမ ၃၂ တင်းထွက်ရှိပါတယ်။ တောင်သူတွေဆောင်းမြေပဲစိုက်ပျိုးဖို့ ပြင်ဆင်နေကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။


၂၀၂၅-၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မြေပဲစိုက်ပျိုးရန် ၇၂၂၃ ဧကလျာထားပြီး ၇၂၄၅ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သင်တန်းများနှင့် ကွင်းပြပွဲများပြုလုပ်ခြင်း၊ ရိတ်သိမ်းချိန်လွန် နည်းပညာပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးရာသီဆီထွက်သီးနှံ ၇၃၁၄ ဧက စိုက်ပျိုးရန်လျာထားပြီး ၇၃၂၄ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဒေသရာသီဥတုနှင့် ကိုက်ညီသည့် အထွက်နှုန်းကောင်းမျိုးများ စိုက်ပျိုးခြင်းဖြင့် ဒေသတွင်း စားသုံးဆီဖူလုံလာမည်ဖြစ်ကြောင်း သိရသည်။


မျိုးဝင်းညို

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)