မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၁၈)နှစ်မပြည့်သေးသူများ ဆိုင်ကယ်မောင်နှင်ခွင့်မပြုရန် မိဘများအား တွေ့ဆုံအသိပေးခြင်း အစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၁၈)နှစ်မပြည့်သေးသူများ ဆိုင်ကယ်မောင်နှင်ခွင့်မပြုရန် မိဘများအား တွေ့ဆုံအသိပေးခြင်း အစည်းအဝေး ကျင်းပ

 


မိုင်းပျဉ်း   ၊ စက်တင်ဘာလ ၁၇


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၁၈)နှစ်မပြည့်သေးသော ကျောင်းသား/သူများအား မော်တော်ဆိုင်ကယ်မောင်းနှင်ခွင့်မပြုရေး မိဘများအားခေါ်ယူအသိပေးခြင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းကွင်းပြင်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အထက်တန်းပြဆရာမတစ်ဦး၊ အလယ်တန်းပြဆရာမတစ်ဦးနှင့် မူလတန်းပြဆရာမတစ်ဦးတို့က အသက်(၁၈)နှစ်မပြည့်သေးသော ကျောင်းသား/ကျောင်းသူများအား မော်တော်ဆိုင်ကယ်မောင်းနှင်ခွင့်မပြုရေး၊ ကျောင်းတွင်/ကျောင်းပြင်ခိုက်ရန်ဖြစ်ပွားပါက ကျောင်းထွက်လက်မှတ်ထုတ်ပေးသွားမည်ဖြစ်ကြောင်းတို့ကို ဗမာ၊ ရှမ်း၊ လားဟူဘာသာစကား (၃)မျိုးတို့ဖြင့် အလှည့်ကျ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ အစည်းအဝေး‌ဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊  ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ စုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


နန်းသန္တာဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)