ရမည်းသင်းမြို့နယ်၌ယူရီးယားမြေဩဇာနှင့်သဘာဝမြေဩဇာ ၁:၃ ရောစပ်၍ စုပေါင်းကြဲပက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရမည်းသင်းမြို့နယ်၌ယူရီးယားမြေဩဇာနှင့်သဘာဝမြေဩဇာ ၁:၃ ရောစပ်၍ စုပေါင်းကြဲပက်




ရမည်းသင်း ၊စက်တင်ဘာ  ၁၇


ရမည်းသင်းမြို့နယ်၊ အင်ကြင်းကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၁၁၂)ရှိ တောင်သူ ဦးမောင်ဇော်၏ မိုးရာသီအောင်နိုင်တိုးစပါး(၅)ဧက၌ ယူရီးယား မြေဩဇာနှင့် သဘာဝမြေဩဇာ ၁:၃ ရောစပ်၍ စက်တင်ဘာ  ၁၇ ရက်နေ့ နံနက်တွင် စုပေါင်းကြဲပက်ပွဲကို ဆောင်ရွက်ခဲ့သည်။


အဆိုပါ မြေဩဇာ ကြဲပက်ပွဲသို့ ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့များနှင့် တောင်သူလယ်သမားများ ကြည့်ရှုလေ့လာခဲ့ကြသည်။ ယူရီးယားမြေဩဇာ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် သီးနှံပင်မှ အပြည့်အဝ စားသုံးနိုင်စေရေးအတွက် သဘာဝမြေဩဇာဖြင့် ၁:၃ ရောစပ်ကြဲပက်ခြင်းကို တောင်သူများလိုက်ပါဆောင်ရွက်လာရန် ပြသဆောင်ရွက်ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)