ပုဇွန်တောင်မြို့နယ်တွင် လျာထားမဲရုံထားရှိမည့်နေရာများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ်တွင် လျာထားမဲရုံထားရှိမည့်နေရာများအား ကွင်းဆင်းစစ်ဆေး




ပုဇွန်တောင်၊ စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်စုများအလိုက် လျာထားမဲရုံးထားရှိမည့် နေရာများအား ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဗိုလ်တထောင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၃)ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။ 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် (၃)ဒေါ်တင်မိုးမိုးအေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့ ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်သန်းနှင့်အဖွဲ့ဝင်များက မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးရာတွင် အဝင်/အထွက်အဆင်ပြေစေရန်၊ မဲရုံများလုံလောက်သော အကျယ် အဝန်း ရှိ/မရှိတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဟန်စုယဉ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)