စက်တင်ဘာ - ၈ ( တနင်္လာနေ့ )
ပြီးခဲ့တဲ့လက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အလက်စကာမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ၂ဦးတည်း ထိပ်သီးဆွေးနွေးပွဲလုပ်ခဲ့တာက လူတွေကို စိတ်ဝင်စားမှုအမြင့်ဆုံးရောက်အောင် လုပ်ခဲ့တာပါလို့ ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇယ်လင်စကီးက ပြောကြားခဲ့ပါတယ်။
ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ထရမ့်က သြဂုတ် ၁၅ ရက်နေ့မှာ ပူတင်နှင့် တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှုမှာ အောင်မြင်မှုတွေ မရရှိခဲ့ပေမဲ့ နှစ်ဖက်စလုံးက အပြုသဘောဆောင်သော ခြေလှမ်းတစ်ခုအဖြစ် ဖော်ပြခဲ့ပါတယ်။
"သမ္မတ ထရမ့် က ပူတင်ကို သူလိုချင်တာကို ပေးခဲ့တယ်လို့ထင်ပါတယ်။ အဲ့လိုအခွင့်အရေးမျိုးကို ကျနော်တို့ ယူကရိန်းက မရတာ သနားစရာကောင်းနေပါတယ်” လို့ ဇီလန်စကီးက ABC သတင်းဌာနက ထုတ်လွှင့်တဲ့ အင်တာဗျူး မှာ မနေ့က ပြောသွားပါတယ်။
“ပူတင်က ထရမ့်နဲ့ အရမ်းတွေ့ချင်နေတာပါ။ အမေရိကန် သမ္မတနဲ့ပေါ့။ အဲ့ဒါကို ပူတင်ရလိုက်ပါတယ်။ အရမ်းလန်းသွားပါတယ်။ ရုရှားခေါင်းဆောင်က လူတွေကို ဓာတ်ပုံနိုင်ငံရေး လုပ်ပြချင်နေတာပါ။ ပြီးတော့ အမေရိကန်နဲ့ ပေါင်းပြီး ကမ္ဘာ့နိုင်ငံရေး အပေါ်မှာ ဂိမ်းကစားချင်နေတာပါ” လို့ပြောသွားပါတယ်။
ဥရောပသမဂ္ဂနိုင်ငံအချို့ကတော့ ရုရှားရေနံနှင့် သဘာဝဓာတ်ငွေ့တွေ အရောင်း အဝယ်ဖြစ်နေတာနဲ့ ပတ်သက်ပြီး ရုရှားအစိုးရကို ဖိအားတွေ ဆက်ပေးဖို့အတွက်လုပ်နေပါတယ်။ ထရမ့်ကတော့ ရုရှားကို နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံချမှတ်ရန် အဆင်သင့်ဖြစ်ကြောင်း မနေ့ကတော့ အရိပ်အမြွက် ပြောထားတာ ရှိပါတယ်။
ယူကရိန်းက ၎င်းရဲ့ နယ်နိမိတ်အသစ်ကို အသိအမှတ်ပြုရန်အတွက် နေတိုးအဖွဲ့နှင့် ပူးပေါင်းဖို့လုပ်နေတဲ့ အစီအစဉ်များကို စွန့်လွှတ်ရန် ရုရှားက တောင်းဆိုထားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment