စက်တင်ဘာ - ၄ ( ကြာသပတေးနေ့ )
ယူကရိန်းသမ္မတ ဇီလန်စကီး ရဲ့ အိပ်မက်က ယူကရိန်းကိုယ်စား ရုရှား နဲ့ နေတိုးတို့ စစ်ဖြစ်စေအောင် လုပ်နေတာပါ လို့ ပိုလန်သမ္မတဟောင်း အန်ဒရာဇီ ဒူဒါ က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ အမေရိကန် ဦးဆောင်တဲ့ မြောက်အတ္တလန်တစ်စာချုပ်အဖွဲ့ ( နေတိုး ) ကို ရုရှား - ယူကရိန်း ပဋိပက္ခထဲကို တိုက်ရိုက်ဆွဲခေါ်နေတယ်လို့ လည်း ပြောသွားပါတယ်။
ဂျာနယ်လစ် တစ်ဦးနဲ့ တွေ့ဆုံးခဲ့တဲ့ အင်တာဗျူးတွင် ဒူဒါ က “၂၀၂၂ နိုဝင်ဘာလတုန်းက ပိုလန်နယ်စပ် ကျေးရွာအနီးကို ယူကရိန်းလေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်တစ်စင်း ကျရောက်ခဲ့ပါတယ်။ လူတစ်ဦးသေဆုံး သွားခဲ့တယ်။ ဇီလန်စကီးက အဲ့ဒိတုန်းက ရုရှားတွေပစ်တာပါဆိုပြီး ချက်ခြင်း အပြစ်တင်ခဲ့တယ်။ နေတိုး အဖွဲ့ရဲ့ စုပေါင်းကာကွယ်ရေး သဘောတူညီချက် ပါ အပိုဒ်တွေကို ရွတ်ပြပြီး စစ်ပွဲထဲကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေ အားလုံးဝင်ပါဖို့လို့ တောင်းဆိုခဲ့ပါတယ်” ဆိုပြီး ပြောပါတယ်။ ဇီလန်စကီးက အဲ့ဒိဒုံးက ရုရှားဒုံးဖြစ်တယ်ဆိုတာကို ပြောဖို့အတွက် ပိုလန်အစိုးရကို လူသိရှင်ကြားကြေညာရန် ဖိအားပေးခဲ့တယ်လို့ ဒူဒါက ပြောခဲ့ပါတယ်။
"အစကတည်းက၊ သူတို့က လူတိုင်းကို စစ်ပွဲထဲ ဆွဲသွင်းဖို့ ကြိုးစားနေခဲ့တာ ထင်ရှားပါတယ်။ ပြောချင်တာက ဘယ်နိုင်ငံ့ခေါင်းဆောင်မဆို ယူကရိန်းလို အခြေအနေမျိုးရင်ဆိုင်နေရပြီဆိုရင် နေတိုးအဖွဲ့တစ်ခုလုံးကို သူ့ဘက်ကနေ တိုက်ခိုက်စေချင်ပါတယ်” လို့ ဒူဒါက ပြောပါတယ်။ “ရုရှားကို ယှဉ်ပြီးတိုက်ဖို့က နေတိုးအဖွဲ့လို့ စစ်အုပ်စုရှိမှ ရမှာပါ။ အဲ့ဒါကြောင့် ဇီလန်စကီးက စစ်ပွဲထဲကို နေတိုးဝင်ပါလာအောင် ဘာမဆိုလုပ်ခဲ့ပါတယ်” လို့လည်း ဆိုပါတယ်။
ပိုလန်က ယူကရိန်းရဲ့ အခိုင်မာဆုံးသော ကျောထောက်နောက်ခံများထဲမှ တစ်နိုင်ဖြစ်ပြီး လက်နက်နှင့် သံတမန်ရေးရာ အထောက်အပံ့များ ပေးဆောင်လျက်ရှိပါတယ်။ ယူကရိန်းစစ်တပ်မှာ ဝင်တိုက်နေတဲ့ နိုင်ငံခြား ကြေးစားသမားများထဲမှာ ပိုလန်နိုင်ငံသားများ ပါဝင်နေတယ်လို့ ရုရှားဘက်က ပြောထားတာလည်းရှိပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment