ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟေလုံကျန်းပြည်နယ် ပါတီအတွင်းရေးမှူးနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟေလုံကျန်းပြည်နယ် ပါတီအတွင်းရေးမှူးနှင့် တွေ့ဆုံဆွေးနွေး







နေပြည်တော်၊ စက်တင်ဘာ ၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဒေသစံတော်ချိန် ယနေ့ညနေ ၆ နာရီ အချိန်တွင် ဟေလုံကျန်းပြည်နယ်ပါတီအတွင်းရေးမှူး Mr.Xu Qin နှင့် တွေ့ဆုံ ဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင် အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံ အမတ် ကြီးတို့တက်ရောက်ကြပြီး ဟေလုံကျန်းပြည်နယ်ပါတီအတွင်းရေးမှူးနှင့်အတူ ဟေလုံ ကျန်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation SCO SUMMIT 2025) နှင့် တရုတ်ပြည်သူများ၏ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားများကို အောင် မြင်စွာကျင်းပဆောင်ရွက်နိုင်ခဲ့မှု၊ မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့၏ သံတမန်ဆက်ဆံမှု သည် ၇၅ နှစ်တာကာလကိုကျော်လွန်ခဲ့ပြီဖြစ်ပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှုများရှိမှု၊ ဟေလုံးကျန်းပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား အောင်မြင်အောင်ဆောင်ရွက်လျက်ရှိမှု၊ အဆင့်မြင့်တက္ကသိုလ်၊ ကောလိပ်များဖွင့်လှစ်သင်ကြားလျက်ရှိမှုနှင့် မြန်မာနိုင်ငံမှ ပညာတော်သင်များ တက်ရောက်သင်ကြားလျက်ရှိမှု၊ မြန်မာနိုင်ငံမှထွက်ရှိသည့် သီးနှံများအားဟေလုံကျန်း ပြည်နယ်သို့ တင်ပို့နိုင်မှု၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် နည်းပညာဖလှယ်မှုများဆောင်ရွက်နိုင်မှု၊ ပညာရေးကဏ္ဍ ၊ ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်အောင်ဆောင်ရွက်နိုင်မှု၊ ဟေလုံကျန်းပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုလုပ်ငန်းများနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်နိုင်မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေး နွေးခဲ့ကြကြောင်းသတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)