စက်တင်ဘာ - ၁၈ ( ကြာသပတေးနေ့ )
အငြိမ်းစား အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး ရော်ဘတ် ဘာကီ ကို လာဘ်ပေးလာဘ်ယူမှုဖြင့် ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်ကြောင်း ဖက်ဒရယ် အစိုးရရှေ့နေများက ကြေညာခဲ့ပါတယ်။ ဘာကီ ( ၆၂ နှစ် ) က သူ့အငြိမ်းစားယူတဲ့အခါမှာ ကုမ္ပဏီမှာ သူ့အတွက် အလုပ်တစ်နေရာစာသေချာအောင်လို့ သူရာထူးရှိနေစဉ်အတွင်း အစိုးရ ကန်ထရိုက် စာချုပ်တစ်ခုကို အဲ့ဒိ ကုမ္ပဏီကိုရယူခွင့်ပြုလိုက်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
ကြယ်လေးပွင့် ရေတပ်ဗိုလ်ချုပ်ကြီးဘာကီက သူတာဝန်ထမ်းဆောင်စဉ်အချိန်တွင် ရေတပ်တွင် ဒုတိယအမြင့်ဆုံး အရာရှိဖြစ်ပြီး ဥရောပနှင့် အာဖရိကရှိ အမေရိကန်ရေတပ်တွေကို ကွပ်ကဲရတာပါ။ ဘာကီနဲ့ ပတ်သက်ပြီး လာဘ်ပေးလာဘ်ယူမှု၊ ပူးပေါင်းကြံစည်မှုနှင့် အခြားသော ဆက်စပ်ရာဇ၀တ်မှုများ အများအပြားကိုလည်း မေလတုန်းကတည်းက ဂျူရီလူကြီးများက တွေ့ရှိခဲ့ကြောင်း အင်္ဂါနေ့ ထုတ်ပြန်ချက်တွင် အစိုးရရှေ့နေများက ပြောကြားခဲ့ပါတယ်။
သိမ်းဆည်းရမိတဲ့ စာရွက်စာတမ်းအရ၊ ဘာကီက Next Jump လို့ခေါ်တဲ့ ကုမ္ပဏီအား ၂၀၂၁ တုန်းက ရေတပ်ဝန်ထမ်းများအား လုပ်သားအင်အားလေ့ကျင့်ပေးရန်အတွက် အစိုးရသဘောတူစာချုပ်ကို ပေးအပ်ခဲ့တဲ့ နေရာမှာ သူ့ရဲ့ရာထူးကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ကုမ္ပဏီက ဝန်ဆောင်မှုပေးရာမှာ အလွန်ညံ့ဖျင်းတဲ့ အတွက်ကြောင့် စီမံကိန်းကာလ အတွင်းမှာပဲ ၂ နှစ် အကြာမှာ ရပ်နားခိုင်းလိုက်ရပါတယ်။
ဘာကီက ကုမ္ပဏီရဲ့ တွဲဖက် စီအီးအို ယောင်ချူကင် နဲ့ မီဂန်မက်ဆင်ဂျာ သီးသန့်တွေ့ဆုံခဲ့ပြီး သူအလုပ်နားရင် ကုမ္ပဏီမှာ အလုပ်တစ်နေရာပေးဖို့ အတွက် ကန်ဒေါ်လာ ၃သိန်းခွဲကျော်တန် ကန်ထရိုက်တစ်ခုကို ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း အလားတူ ကန်ထရိုက်လုပ်ငန်းတွေကို ချပေးခဲ့တယ်လို့ အစိုးရှေ့နေတွေက ပြောပါတယ်။ ၂၀၂၂ ခုနှစ်တွင် ရေတပ်မှ အနားယူပြီးနောက် ရေတပ်ဗိုလ်ချုပ်သည် Next Jump တွင် တစ်နှစ်လျှင် လစာ ၅သိန်း နှင့် စတော့ရှယ်ယာ ၁သိန်းဖိုး ထောက်ပံ့ငွေဖြင့် Next Jump တွင် စတင်အလုပ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ရေတပ်ဗိုလ်ချုပ်ကြီး၏ ရှေ့နေများက ၎င်းရဲ့ ပြစ်ဒဏ်ကို အယူခံဝင်မှာဖြစ်ပြီး "ရေတပ်မှာ နှစ်လေးဆယ်ကြာ တာဝန်ထမ်းဆောင်ခဲ့တာက အဲ့ဒိလိုမျိုး ကြေကွဲစရာဇာတ်သိမ်းမျိုးအတွက် မဖြစ်သင့်ကြောင်းကို တရားရုံမှာ အယူခံဝင်ဖို့ လုပ်သွားမှာပါ” လို့ ဆိုပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment