ဗီယင်နာ၊ စက်တင်ဘာ ၁၈
အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)၏ (၆၉)ကြိမ်မြောက် အထွေထွေ ညီလာခံကျင်းပနေစဉ်ကာလအတွင်း၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိမ်းသည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊အဏုမြူစွမ်းအင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိင်္ဂီမောင်မောင်နှင့်အတူ ရုရှားနိုင်ငံအစိုးရ၏ပတ်ဝန်းကျင်၊ စက်မှုနှင့်နျူကလီးယားဆိုင်ရာအကြံပေးအဖွဲ့ (Federal Environmental, Industrial and Nuclear Supervision Service of Russia-Rostechnadzor) ဥက္ကဌ Mr. Alexander Trembitskiy ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ၁၆-၉-၂၀၂၅ ရက်တွင် ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် နိုင်ငံတော်အကြီးအကဲ၏ ရုရှားနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နှင့် ရုရှားနိုင်ငံ Rostechnadzor တို့အကြား လက်မှတ် ရေးထိုးခဲ့သော "အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရာတွင် နျူကလီးယားဓာတ်ရောင်ခြည် ဘေးအန္တရာယ်ကင်းရှင်းရေးစည်းမျဉ်းဥပဒေနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာ" ကို အကောင်အထည်ဖေါ်ရာတွင် နျူကလီးယားဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ရင်းနှီးစွာအမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment