ဗိတ်ပင် လုပ်တာကို စင်ကာပူမှာ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖို့ လုပ်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗိတ်ပင် လုပ်တာကို စင်ကာပူမှာ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖို့ လုပ်နေ




စက်တင်ဘာ - ၁၂ ( သောကြာနေ့ ) 

ဗိတ်ပင် ( လျှပ်စစ်စီးကရက် ) ရှုရှိုက်ခြင်းကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖို့အတွက် အစိုးရက ကြိုးစားနေပါတယ်။ စင်္ကာပူသည် အီးစီးကရက် (ဗိတ်ပင်)ရှုရှိုက်ခြင်းကို “မူးယစ်ဆေးပြဿနာ” အဖြစ် သဘောထားကာ နိုင်ငံအတွင်း လူငယ်များကြားတွင် တရားမဝင်ပေမဲ့ တိုးပွားများပြားလာတဲ့အတွက် အီလက်ထရွန်နစ်စီးကရက်များအပေါ် အစိုးရရဲ့ ရပ်တည်ချက်ကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။ 

“လက်ရှိထိက ကျနော်တို့က ဗိတ်ပင် လုပ်တာကို အများစုကတော့ ဒဏ်ကြေးလောက်နဲ့ပဲ ပြီးနေပါတယ်။ ဒါပေမယ့် အဲဒါက မလုံလောက်တော့ပါဘူး” လို့ စင်ကာပူဝန်ကြီးချုပ် လော်ရင့်ဝေါင်း ကပြောသွားပါတယ်။ 

အန်မိုကီယို ရှိ နည်းပညာ ပညာရေးကောလိပ် ဌာနချုပ်တွင် ပြုလုပ်တဲ့ စင်ကာပူ အမျိုးသားနေ့ ချီတက်ပွဲ မိန့်ခွန်းတွင်လည်း အာဏာပိုင်များက ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ဖို့လိုပြီဖြစ်ကြောင်း အန္တရာယ်ရှိတဲ့ ဓာတုဗေဒပစ္စည်းများ ရောင်းချသူများနဲ့ ဗိတ် ရောင်းချသူများကို ပိုမိုပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်မှာဖြစ်ကြောင်း ပြောသွားပါတယ်။ 

ကျောင်းများ၊ အဆင့်မြင့် သင်ကြားရေး အင်စတီကျုများနှင့် နိုင်ငံတော်ဝန်ဆောင်မှုဌာနများမှာလည်း  ပညာပေးကာလအတွင်း “သတိပေးမှုနဲ့ ပညာပေး အစီအစဉ်များ” ကိုလည်း ဆောင်ရွက်မှာဖြစ်ပါတယ်။

အဲ့ဒိလုပ်ငန်းစဉ်တွေကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့က ကြိုးပမ်းအားထုတ်ကာ ဦးဆောင်မည်ဖြစ်ကြောင်း “အစိုးရတရပ်လုံး ကြံ့ခိုင်သောအလေ့အကျင့်” အဖြစ်လုပ်ဆောင်ရမှာဖြစ်ကြောင်း  ဝန်ကြီးချုပ်က ဆိုသွားပါတယ်။ 


REF: CNA

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)