အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကော်မတီ(COSTI) အဖွဲ့ဝင်များ၏ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကော်မတီ(COSTI) အဖွဲ့ဝင်များ၏ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ


နေပြည်တော်၊ စက်တင်ဘာ ၁၂

အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကော်မတီ (ASEAN Committee on Science, Technology and Innovation-COSTI) အဖွဲ့ဝင်များ၏ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က COSTI အဖွဲ့ဝင်များသည် နိုင်ငံအလိုက် အမျိုးသားအဆင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မူဝါဒများ၊ လမ်းပြမြေပုံများ၊ မဟာဗျူဟာများချမှတ်ပြီး အာဆီယံလုပ်ငန်းအစီအစဉ် (Plan of Actions) များနှင့် ကိုက်ညီအောင် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများကို တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်စဉ် အာဆီယံ သိပ္ပံနှင့် နည်းပညာဝန်ကြီးအဆင့် အစည်းအဝေးများတွင် အာဆီယံနိုင်ငံများက မိတ်ဖက်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဦးစားပေးဆောင်ရွက်ရမည့် စီမံကိန်းများ၊ စီးပွားရေးဖွံ့ဖြိုးမှုကို ရှေးရှုသော စီမံကိန်းများ၊ စဉ်ဆက်မပြတ်ပြောင်းလဲနေသော နည်းပညာပိုင်းဆိုင်ရာ အမြင်ဖလှယ်ခြင်းများကို အဖွဲ့ဝင်နိုင်ငံများ၏ လူမှုအကျိုးစီးပွား မြှင့်တင်နိုင်ရန် ဆွေးနွေးကြကြောင်း။

မြန်မာနိုင်ငံအနေဖြင့် အနာဂတ်ကာလ ၂၀၂၆ ခုနှစ်မှ ၂၀၃၅ ခုနှစ်အတွင်း အာဆီယံ သိပ္ပံ၊ နည်း ပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအဖြစ် APASTI (2026-2035) ကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကော်မတီ၊ ဆပ်ကော်မတီ ကိုးခု၊ Task Force အဖွဲ့ခွဲ ငါးခုတို့၏ တာဝန်ခံများက ယခင်ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်များ တင်ပြခြင်းနှင့် APASTI (2026-2035) နှင့်အတူ နိုင်ငံ့အကျိုးအတွက် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်သင့်သော လုပ်ငန်းစဉ်များအား အကြံပြုတင်ပြဆွေးနွေးပေးသွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးက UL Research institutes-ASEAN-U.S. Science prize for Women 2024 ၌ National Finalist အဖြစ် Senior Level အတွက် ရွေးချယ်ခံရသူ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ နီနီတင့်နှင့် Mid-Career Level အတွက် ရွေးချယ်ခံရသူ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန Naypyitaw State Polytechnic University မှ ညွှန်ကြားရေးမှူး ဒေါက်တာသိမ့်သိမ့်ဝင်းတို့ကို ဂုဏ်ပြုလက်မှတ် ချီးမြှင့်သည်။

ယင်းနောက် မြန်မာနိုင်ငံ၊ အာဆီယံသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကော်မတီ၊ National COSTI Chair ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍ အလိုက်ဆွေးနွေးကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် လာမည့် စက်တင် ဘာ ၁၂ ရက်တွင် Naypyitaw State Polytechnic University ၌ ကျင်းပမည့် Engineering & ICT Project Show, 2025 အတွက် အကြိုခင်းကျင်းပြင်ဆင်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)