ပန်းတောင်းမြို့နယ် ထုံးဘိုအခြေခံပညာအထက်တန်းကျောင်း၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ် ထုံးဘိုအခြေခံပညာအထက်တန်းကျောင်း၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ




ပန်းတောင်း ၊  စက်တင်ဘာ ၁၈


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ထုံးဘိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်သတင်းစာဆရာအသင်းတို့ ပူးပေါင်းကာ မှုခင်းကျဆင်းရေးပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အ.ထ.က(ထုံးဘို) ကျောင်းအုပ်ဆရာမကြီးဒေါ်ညိမ်းညိမ်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သတင်းစာဆရာအသင်းနာယက ဦးမြင့်ဌေး (မြင့်ဌေး-ရွှေပင်မြေ)မှ “လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေး” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ထုံးဘိုနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဝဏ္ဏရွှေမှ ဒုစရိုက်မှုခင်းများ ဖြစ်ပွားရခြင်း အကြောင်းများနှင့် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းများ လိုက်နာတတ်စေရေးဟောပြောခဲ့သည်။


ဆက်လက်၍ မြို့နယ်သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးအောင်မြင့် (အောင်မြင့်- ပန်းတောင်း)မှ “သက်ငယ်မုဒိမ်းမှုများပပျောက်ရေး မှုခင်းများနှင့် ကြုံရဆုံရသတင်းထောက်ဘဝ” ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီး ကျောင်းကိုယ်စား ဆရာမတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက်ပန်းတောင်းမြို့နယ် သတင်းစာဆရာအသင်းနာယက ဆရာဦးမြင့်ဌေးမှ စာအုပ်စာပေများ ပေးအပ်လှူဒါန်းပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိမ်းညိမ်းကာ အမှတ်တရမှတ်တမ်းဓာတ်ပုံများ စုပေါင်းရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။


လပြည့်လင်း


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)