သထုံတွင် မြို့နယ်အဆင့် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲ‌တော် အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံတွင် မြို့နယ်အဆင့် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲ‌တော် အခမ်းအနားကျင်းပ




သထုံ  ၊ စက်တင်ဘာ ၁၈


မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကရင်သက္ကရာဇ်(၂၇၆၄)ခုနှစ်အတွက် ကရင်တိုင်းရင်းသားတို့၏ ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲတော် မြို့နယ်အဆင့်အခမ်းအနားကို ယနေ့နံနက်က သိမ်ကုန်းရပ်ကွက်ရှိ မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကျင်းပရာတွင် သထုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုး‌အောင်နှင့်အဖွဲ့ဝင်တို့မှ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြပြီး သံဃာတော်များအား ဆွမ်း ဆက်ကပ်တရားနာယူပြီး လှူဖွယ်များလှူဒါန်းခြင်း၊ ကရင်တိုင်းရင်းသားအလံတော်အား အလေးပြုခြင်း၊ ချည်ဖြူဖြင့် အပြန်အလှန်လက်ချည်ပြီး ဘိုးဘွားများထံမှ ဆုံးမဩဝါဒများ နာခံခြင်း၊ မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးက ကရင်ရိုးရာ ချည်ဖြူဖွဲ့လက်ချည် ပွဲဖြစ်ပေါ်လာပုံနှင့် ချည်ဖြူဖွဲ့ရာတွင်ပါဝင်သည့် ပစ္စည်း(၉)မျိုးတို့၏ အဓိပ္ပါယ်အားရှင်းလင်းခြင်း၊ ရိုးရာ ယိမ်းအကများဖြင့် ဖျော်ဖြေခြင်း၊ အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။


ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို နှစ်စဉ်ကျင်းပခြင်းသည် စည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများ ချမှတ်ထားသည့် ရိုးရာဓလေ့တွေကို ဖော်ထုတ်သည့်အနေဖြင့် ကျင်းပခြင်းဖြစ်ပြီး မိဘ ဘိုးဘွားတို့အနေဖြင့် မိမိတို့၏သားသမီးမြေးမြစ်များ တကွဲတပြားမဖြစ်စေဘဲ စုစုစည်းစည်း ချစ်ချစ်ခင်ခင်ရှိကြရန်နှင့် ကျန်းမာပျော်ရွှင်စွာရှိကြစေရန်၊ ကွဲကွာနေသော ဆွေမျိုးစုများ ပြန်လည်တွေ့ဆုံရေး၊ မိသားစုပြန်လည်စုစည်းရေး၊ အချင်းချင်းချစ်ကြည် သွေးစည်းမှု ခိုင်မြဲရေး၊ ကြီးပွားတိုးတက်စေရေး၊ ဘေးပယောဂမကောင်းကြံစည်မှုများအား နားမယောင်စေရေး၊ လူငယ်လူရွယ်များကို လူကြီးသူမများက ဆိုဆုံးမစကားပြောနိုင်ရေးတို့အတွက် ရည်ရွယ်ကာ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။


သထုံမြို့နယ်တွင် ကရင်တိုင်းသား ၈၀၀၀၀ ဝန်းကျင်ခန့် နေထိုင်လျက်ရှိပြီး ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို သထုံမြို့ပေါ်နှင့် ကရင်တိုင်းရင်းသား အများစုနေထိုင်သည့် ကျေးရွာ ၃၇ ရွာတို့၌ နှစ်စဉ်ပြုလုပ်လေ့ရှိကြောင်း မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှု‌ကော်မတီမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)