စက်တင်ဘာ - ၉ ( အင်္ဂါနေ့ )
ထိုင်းဝန်ကြီးချုပ်သစ် အန်နျူတင် ချန်ဗီရာကယ် က ထိုင်းနှင့် ကမ္ဘောဒီးယားကြား ငြိမ်းချမ်းရေး အာမခံချက်ရှိစေရန် ကတိကဝတ်ပြုကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။ ယခုသီတင်းပတ်အစောပိုင်းက အန်ဝါက အန်နျူတင်နဲ့ ဖုန်းဆက်ပြောဆိုမှုအတွင်းမှာလည်း အဲ့ဒိကိစ္စကို ဇောင်းပေးပြီး ပြောဆိုထားတာရှိပါတယ်။
“...အန်နျူတင် က ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံကြား ငြိမ်းချမ်းရေးကို အပြည့်အဝ လေးစားဂုဏ်ပြုကြောင်း သေချာစေဖို့အတွက် အာမခံပါတယ်” လို့ ယနေ့ကျင်းပတဲ့ ၁၉ ကြိမ်မြောက် အာဆီယံနိုင်ငံဖြတ်ကျော်မှုခင်းဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး (AMMTC) မှာ အန်ဝါရဲ့ အဖွင့်မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားပါတယ်။
သူတို့ရဲ့ ဆွေးနွေးမှုတွေက နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ထိရောက်စေတယ်လို့ အန်ဝါက ပြောပါတယ်။ “သူ့အနေနဲ့ ကျနော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အထောက်အပံ့ဖြစ်စေတာကို အလွန်ပဲ ကျေနပ်လှပါတယ်” လို့ လက်ရှိ အာဆီယံဥက္ကဋ္ဌတာဝန်ကို အလှည့်ကျယူထားတဲ့ အန်ဝါကဆိုပါတယ်။
ဘမ်ဂျေထိုင်းပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အန်နျူတင် ( ၅၈ နှစ် ) တော်ဝင်ထောက်ခံချက်ရရှိပြီးနောက် တနင်္ဂနွေနေ့တွင် ထိုင်းနိုင်ငံ၏ ၃၂ ယောက်မြောက် ဝန်ကြီးချုပ်ရာထူးကို တရားဝင်တာဝန်ယူခဲ့ပြီး နိုင်ငံရဲ့ နိုင်ငံရေးဦးဆောင်မှုတွင် အခန်းကဏ္ဍသစ်တစ်ခုအဖြစ် ရပ်တည်ခဲ့ပါတယ်။
REF: Bernama
https://t.me/MyanmarNationalPost

No comments:
Post a Comment