နျူ့လက်နက် သဘောတူစာချုပ် သက်တမ်းကုန်ဆုံးတော့မယ်ဆိုပေမဲ့ ရုရှားဘက်က လိုက်နာနေဆဲပဲ လို့ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

နျူ့လက်နက် သဘောတူစာချုပ် သက်တမ်းကုန်ဆုံးတော့မယ်ဆိုပေမဲ့ ရုရှားဘက်က လိုက်နာနေဆဲပဲ လို့ဆို


စက်တင်ဘာ - ၂၃ ( အင်္ဂါနေ့ ) 

အမေရိကန်နဲ့ ချုပ်ဆိုထားတဲ့ အဓိကနျူကလီးယားလက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်က သက်တမ်း ကုန်ဆုံးဖို့ ၁ နှစ်လောက်ပဲ လိုတော့တယ် ဆိုပေမဲ့ မော်စကို အစိုးရ အနေနဲ့ ဆက်လက်လိုက်နာ သွားမှာ ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပြီး ဝါရှင်တန်အစိုးရဘက်ကလည်း အလားတူလုပ်ဆောင်ရန် သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ 

တနင်္လာနေ့ကပြုလုပ်တဲ့ လုံခြုံရေးကောင်စီအစည်းအဝေး မတိုင်မီ ပြောကြားရာတွင် အနောက်နိုင်ငံတွေရဲ့ ဖျက်လိုဖျက်ဆီးလုပ်ရပ်တွေက ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမြောက်တည်ငြိမ်မှုကို ပိုမိုခြိမ်းခြောက်လာနေတယ် လို့  ပူတင်က ပြောကြားခဲ့ပါတယ်။  မော်စကိုအစိုးရက မည်သည့်ခြိမ်းခြောက်မှုကိုမဆို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေပေမဲ့ ပဋိပက္ခများကို ဖြေရှင်းရန် နိုင်ငံရေးနှင့် သံတမန်နည်းလမ်းတွေကိုပဲ အမြဲတမ်း စိတ်ဝင်စားကြောင်း ဆိုသွားပါတယ်။ 

ရုရှား နဲ့ အမေရိကန် တို့ ၂၀၁၀ က ချုပ်ဆိုခဲ့တဲ့ မဟာဗျူဟာမြောက်လက်နက်လျှော့ချရေး စာချုပ် ( NEW START ) ထဲမှာ တိုက်ချင်းပစ် နျူ့ထိပ်ဖူးတပ် ဒုံးတွေ ၊ အာကာသထဲကမှာ ကြားဖြတ်တိုက်ခိုက်လို့ရမယ့် စနစ်တွေဖြန့်ကျပ်ခြင်းတွေ၊ နျူ့လက်နက်တွေထိန်းချုပ်ခြင်း ဆိုတဲ့ သဘောတူညီချက်တွေ ပါပါတယ်။ ရုရှား-အမေရိကန် သဘောတူညီချက်သည် နှစ်ဖက်စလုံးမှ ဖြန့်ကျက်နိုင်သည့် နျူကလီယားလက်နက် အရေအတွက်များကို ကန့်သတ်ခြင်းပဲ ဖြစ်ပါတယ်။ အဲ့ဒိသဘောတူညီချက်က လာမယ့် ၂၀၂၆ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ သက်တမ်းကုန်းဆုံး မှာ ဖြစ်ပါတယ်။ 

အဲ့ဒိ သဘောတူညီချက် စာချုပ် သက်တမ်းကုန်သွားရင် ရုရှား ရော အမေရိကန်ကပါ နျူ့လက်နက်တွေကို ပြန်ပြီး တိုးတက် ထုတ်လုပ်နိုင်ခွင့် ရှိသွားပြီဖြစ်တယ် ဆိုပေမဲ့ ရုရှားဘက်ကတော့ ဆက်ပြီး မတိုးတော့ဘဲ ရပ်ထားမယ် နောက်ပြီး လက်ရှိရှိနေတဲ့ နျူ့လက်နက်တွေကိုလည်း လျှော့ သွားမယ်လို့ ဆိုလိုက်တာပါ ။ အဲ့ဒါကို အမေရိကန်ဘက်ကလည်း ဆက်ပြီး လိုက်နာဦးမယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ 


REF: RT 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)