နေပြည်တော်၊ စက်တင်ဘာ ၂၃
နေပြည်တော်တွင် ကျင်းပသည့် အကယ်ဒမီပေးပွဲတွင် ဗုဒ္ဓဦးခေါင်းတော်ကို ဖက်ရှင်အဖြစ် ကိုင်ဆောင်ခဲ့မှုနှင့် ပတ်သက်၍ အောင်ကိုမိုး ဆိုသူအား တရားစွဲဆိုထားရာ ယနေ့ ရုံးထုတ်ခဲ့ပြီး တရားခွင်သို့ အောင်ကိုမိုး၏ ရှေ့နေ အောင်ရဲစိုးနှင့် တရားခံဘက်မှ (ခံပြသက်သေ) လာရောက်ခြင်း မရှိကြောင်း သိရသည်။
တရားရုံးသို့ သွားရောက်ခဲ့သည့် နေပြည်တော်အမျိုးသားရေးအဖွဲ့ မှ ဦးခင်ဇော် က "ဒီနေ့ ရုံးချိန်းကို အောင်ကိုမိုးရဲ့ ရှေ့နေ အောင်ရဲစိုးလည်း မလာဘူး။ သက်သေထွက်ဆိုမယ့်သူလည်း မလာဘူး။ ရုံးချိန်းပြန်ပေးပြီး ပြန်လာခဲ့ရတာပဲ။ အမျိုးသားရေးဘက်က ရှေ့နေကတော့ နောက်ရုံးချိန်းတွေ ၂ယောက် စစ်ဆေးသွားနိုင်ဖို့ ပြောတာ ရှိတယ်။" ဟု ပြောသည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ ဆရာတော် ဦးပညာ က "DJကိစ္စမှာ ရဟန်းသံဃာများ ဗုဒ္ဓဘာသာဝင်များ အမျိုးသားရေးညီအစ်ကိုမောင်နှမများ တက်တက်ကြွကြွ နဲ့ အုံးအုံး အုံးအုံးနဲ့ ဖြစ်ကြတာ ဝမ်းသာဂုဏ်ယူပါတယ်။ အဲ့ကိစ္စက သာသနာညှိုးနွမ်းစေခြင်းသာပါ။ ပျက်ကိန်းအဆင့်ထိတော့ မဟုတ်ပါဘူး။ ခုလောလောဆယ် အဖျက်သမား မွတ်mုလားတွေက ပျက်အောင်ဖျက်ဖို့ ပေါ်တင်တစ်မျိုး လျို့ဝှက်တစ်မျိုး လုပ်နေကြပါတယ်။ အဲ့ဒါကြောင့် အမျိုးတွေအားလုံး သွေးအေးလို့ မနေသင့်ပါ။ အချင်းချင်း သွေးစည်းညီညွတ်ကြပါ။ တက်ကြွပြီး အုံးအုံးနဲ့ လုပ်ကြပါအုံး။ သူတို့က အကောင့်တုတွေနဲ့ သွေးကွဲစေမည့် ဓာတ်ပုံ ဗွီဒီယို သွေးခွဲစာသား ပုံစံအမျိုးမျိုးဖြင့် လုပ်လိမ့်မယ်။ လုပ်လည်း လုပ်နေတာ ကြာပါပြီ။ ခုဆို ပိုလုပ်လာလိမ့်မယ်။ နောက်တစ်ခုက အနုလေးနဲ့ အချိုသပ်ကာ အယုံသွင်းလိမ့်မယ် အယုံသွင်းလို့ ယုံရင် သွတ်သွင်းခံရလိမ့်မယ်။ သွတ်သွင်းခံလိုက်ရပြီဆိုလျှင် ဆွမ်းသွတ်ဖို့သာ ပြင်ထားပေတော့ မရခင် ဖျာလိုလိတ် ထိပ်ပေါ်တင်ထားလိမ့်မည်။ ပြီးလျှင်တော့ နှိပ်စက်ခံ ကျွန်ဘဝ ဂျီဟတ်နဲ့သာ ညားလိမ့်မည်။ မအနဲ့ မနနဲ့ မညံ့ကြနဲ့။ အားလုံးသတိ အမြဲ သွေးဆူနေရမည်။ အတုလံ အတုမရှိသည့် ဘုရားပုံတူ (အောင်ပိုမိုး ဘုရားဦးခေါင်းတော်ကို မဖွယ်မရာ ကိုင်ဆောင်သောကိစ္စ)၊ သာသနာ၏အဓိက ထိန်းသိမ်းရာ သက်ရှိထင်ရှား သံဃာ(မအူပင်မြို့နယ်တွင် သံဃာတော်တစ်ပါးကို ဝိုင်းဝန်းထိုးကြိတ်စော်ကားသည့်ကိစ္စ)၊ မသင့်တော်သည့်နေရာ အသံ (သရဏဂုံ ၃ပါးကို DJ လုပ်သည့်ကိစ္စ) အားလုံးကတော့ လုံးဝလက်ခံလို့ မရပါ။ ဒါပေမယ့် အမျိုးသားရေးတွေရော ဗုဒ္ဓဘာသာဝင်တွေရော တာဝန်ရှိသူတွေရော "ဟော့”ဂဏန်းပဲ လိုက်ထိုးကြတာပါပဲ။" ဟု မိန့်ကြားထားသည်။
အောင်ကိုးမိုး ၏ လုပ်ရပ်နှင့် ပတ်သက်၍ တာဝန်ရှိသူများက တရားစွဲဆိုခဲ့ခြင်း မရှိသောကြောင့် အမျိုးသားရေးလှုပ်ရှားသူများဘက်က တရားစွဲဆိုခဲ့ရပြီး နေပြည်တော်အမျိုးသားရေးအဖွဲ့မှ သံဃာတော်များ၊ လူပုဂ္ဂိုလ်များက သက်သေအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ လိုပြသက်သေများ စစ်ဆေးပြီးချိန်တွင် အောင်ကိုမိုး ဘက်မှ ခံပြသက်သေများ တင်သွင်းလာခြင်းကြောင့် ဒက္ခိဏမြို့နယ်တရားရုံးတွင် ဆက်လက်စစ်ဆေးလျက်ရှိသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment