အဓမ္မဝါဒီ ဦးသူရိယ ၏ တပည့်များက ဦးအောင်မြိုင်နှင့် ဦးအောင်အောင်ဇော် တို့အား စွဲဆိုထားသောအမှု စွဲချက်အမိန့် ချတော့မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဓမ္မဝါဒီ ဦးသူရိယ ၏ တပည့်များက ဦးအောင်မြိုင်နှင့် ဦးအောင်အောင်ဇော် တို့အား စွဲဆိုထားသောအမှု စွဲချက်အမိန့် ချတော့မည်


ရန်ကုန်၊ စက်တင်ဘာ ၂၆

လှည်းကူးမြို့နယ်ရှိ အရိယာမဏ္ဍိုင်တောရရိပ်သာမှ အဓမ္မဝါဒီ ဦးသူရိယ၏ ဟောပြောမှုများနှင့် ပတ်သက်၍ ဦးအောင်မြိုင် (မစိုးရိမ်စာသင်သား)နှင့် ဦးအောင်အောင်ဇော် တို့က ဓမ္မ/ အဓမ္မအဆုံးအဖြတ်ပေးနိုင်ရန် ဖော်ထုတ်တင်ပြခဲ့ပြီး နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့၊ ဝိနိစ္ဆယခုံရုံးက ဦးသူရိယ၏ ဟောပြောမှုများကို အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။

အဆိုပါ ဖြစ်စဉ်တွင် အဓမ္မဝါဒီ ဦးသူရိယ၏ တပည့်များက ဦးအောင်မြိုင်နှင့် ဦးအောင်အောင်ဇော်တို့ကို လှည်းကူးမြို့နယ်တွင် ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့သည့်အတွက် ရင်ဆိုင်နေရပြီး စက်တင်ဘာ ၂၅ ရက်နေ့ရုံးချိန်းတွင် စွဲချက် တင်သင့်/ မတင်သင့် အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆရာဦးအောင်မြိုင် (မစိုးရိမ်စာသင်သား) က "၂၅ ရက်နေ့၊  နေ့လယ် ၁ နာရီ  ရုံးချိန်း စွဲချက် တင်သင့် မတင်သင့် အမိန့်ချမယ့် ရုံးချိန်း ဖြစ်လို့ လာရောက်နားထောင်ကြပါလို့ မကွေးကျောင်းဆရာတော်က ရဟန်းရှင်လူတွေကို ဖိတ်ခေါ်ထားတယ်။ လာကြမယ် ဝိုင်းဝန်းကြမယ်ဆိုတာတွေ ရှိတယ်။ ရုံးချိန်းနေ့ကျရင် တောင်ဒဂုံက ကျုပ်တို့ကို အာမခံပေးရသူတွေအုပ်စုလည်း လာမယ် ထင်ပါတယ်။ နေပြည်တော်က အမျိုး သားရေးအဖွဲ့ထဲက မိတ်ဆွေတချို့လည်း လာမယ် ထင်ပါတယ်။ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ ရဟန်းတော်မျာလည်း ကြွလာကြမယ် ထင်ပါတယ်။ မြောက်ဒဂုံက ကိုစိုးမင်းဦးတို့အုပ်စုတွေ လှိုင်သာယာက ကိုခင်မောင်မြင့်တို့အုပ်စုတွေ လှည်းကူးက ဒေါ်အေးသိန်းတို့ အမျိုးသားရေးအုပ်စုတွေ အခြားအခြား အမျိုးသားရေးအုပ်စုတွေနဲ့  ဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအုပ်စုတွေလည်း လာကြမယ် ထင်ပါတယ်။ မြန်မာနေရှင်နယ်ပို့စ်သတင်းဌာန စတဲ့ သတင်းဌာန အနည်းငယ်က သတင်းထောက်တွေလည်း လာမယ် ထင်ပါတယ်။ ပြောချင်တာက လာရောက်နိုင်သူများ လာရောက် ကြားနာကြပါရန် ဖိတ်ကြားပါတယ်။" ဟု သူ၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။ 

ဦးအောင်မြိုင်သည် ကလောင်အမည် အောင်မြိုင် (မစိုးရိမ်စာသင်သား) အမည်ဖြင့် အဓမ္မဝါဒ ဖော်ထုတ်တားဆီးဖယ်ရှားရေး အကျိုးတော်ဆောင်များအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဗုဒ္ဓ၏ တရားတော်များနှင့် ညီညွတ်ခြင်းမရှိသော ဟောပြောမှုများကို ဓမ္မ/ အဓမ္မ အဆုံးအဖြတ်ပေးနိုင်ရန် တင်ပြမှုများကို ဦးဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။

အဓမ္မဝါဒီ ဦးသူရိယနှင့် အပေါင်းအပါတချို့သည် ဝိနိစ္ဆယခုံရုံ၏ ဆုံးဖြတ်ချက်ကို လိုက်နာခြင်း မရှိသောကြောင့် သံဃာမဟာနာယက မှ ဓမ္မစက်နှင့် ဆောင်ရွက်ပြီးဖြစ်၍ အရပ်ဘက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဥပဒေလမ်းကြောင့်အရ ဆက်လက်ဆောင်ရွက်ရန် လွှဲပြောင်းထားပြီးဖြစ်သည်။ အဓမ္မဝါဒီ ဦးသူရိယ သည် ယခုအခါ ထွက်ပြေး တိမ်းရှောင်နေပြီး လူမှုကွန်ရက်မှ ဝိနိစ္ဆယဆရာတော်ကြီးများကို စော်ကားပြောဆိုသည့် ရုပ်သံများလည်း ထုတ်လွှင့်ခဲ့ဖူးသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)