ပိုလန်က သူ့လေပိုင်နက်ထဲကို ရုရှား လေယာဉ်တွေ ဝင်လာရင် ပစ်ချတော့မယ်လို့ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုလန်က သူ့လေပိုင်နက်ထဲကို ရုရှား လေယာဉ်တွေ ဝင်လာရင် ပစ်ချတော့မယ်လို့ ဆို


စက်တင်ဘာ - ၂၃ ( အင်္ဂါနေ့ ) 

မနေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ အရေးပေါ် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ပိုလန် နိုင်ငံခြားရေးဝန်ကြီး ရာဒိုစလော ဆိုင်ကော်စကီ က ပိုလန် လေပိုင်နက်ထဲသို့ ဖြတ်သွားတဲ့ ရုရှားလေယာဉ် ဒါမှမဟုတ် ဒုံးကျည် မှန်သမျှကို ပစ်ချမယ်လို့ ပြောသွားပါတယ်။ 

ဒီလ အစောပိုင်းတုန်းက ပိုလန်အစိုးရက ၎င်းရဲ့ လေပိုင်နက်ထဲကို ရုရှာက်ဘက်က ဒရုန်း ၁၉စင်း ဝင်ရောက် ခဲ့တယ်ဆိုပြီး စွပ်စွဲ ခဲ့ပါတယ်။ နောက်ပြီး ရုရှားကို ဥရောပတိုက်မှာ စစ်မီးမွှေးနေတယ်၊ လိုက်ပတ်ရမ်းနေတယ် ဆိုပြီး စွပ်စွဲမှုတွေ လုပ်ခဲ့ပါတယ်။ ရုရှားက ၎င်းရဲ့လေပိုင်နက်ကို ချိုးဖောက်တယ်ဆိုပြီး အက်စ်တိုးနီးယားနိုင်ငံကလည်း အဲ့ဒိ အစည်းအဝေးမှာ ပြောသွားပါတယ်။ ပိုလန် နဲ့ အက်စတိုးနီးယား ၂ နိုင်ငံလုံးက နေတိုး အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်တဲ့ အတွက်ကြောင့် ရုရှား ကို ခုခံတိုက်ခိုက်ဖို့အတွက် နေတိုးအဖွဲ့ဝင်နိုင်ငံတွေက စစ်တပ်တွေကို ဆင့်ခေါ်ခွင့်ရှိပါတယ်။ 

ဆိုင်ကော်စကီး က "ခင်ဗျားတို့ကို သတိပေးထားပါတယ်။ ခွင့်ပြုချက်မရှိဘဲ နောက်ထပ် ဒုံးကျည် သို့မဟုတ် လေယာဉ်တွေ ကျနော်တို့ရဲ့ ဝေဟင်ပိုင်နက်အတွင်းသို့ တမင်တကာ သို့မဟုတ် မှားယွင်းစွာ ဝင်လာပါက  ပစ်ချခံရပြီး အပျက်အစီးတွေက နေတိုးအဖွဲ့ဝင် နယ်မြေထဲကို ကျရောက်ခဲ့တယ် ဆိုရင် ခင်ဗျားတို့တွေ ဒီနေရာမှာလာပြီး ညည်းတွားလို့ပဲရမှာပါ” လို့ ပြောသွားပါတယ်။ 

ကုသမဂ္ဂဆိုင်ရာ ရုရှား ဒုသံအမတ်ကတော့ “ ပိုလန်ရော ၊ နေတိုးကပါ အမှန်တရားကို မလိုချင်ကြဘူး။ ဘာဖြစ်ဖြစ် ရုရှား ကို အပြစ်တင်ချင်နေကြတယ်။ သူတို့ ပြောတဲ့ ရုရှားဒရုန်းတွေကြောင့် ပိုလန်နိုင်ငံအတွင်းက အဆောက်အအုံတွေ ပျက်စီးသွားတယ်ဆိုတာ မဟုတ်ပါဘူး။ ပိုလန်နိုင်ငံထဲက နေတိုး F-16 က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကြောင့် ဖြစ်ရတာပါ။ အခုထက်ထိ ရုရှား ဒရုန်းတွေကြောင့် ဖြစ်တယ်ဆိုတာကို သက်သေမပြနိုင်သေးပါဘူး။ ကျနော်တို့ကို စုံးစမ်းစစ်ဆေးဖို့အတွက် ကမ်းလှမ်းချက်တွေ လုပ်ပါတယ်။ ဒါပေမဲ့ ပိုလန်ရော နေတိုးကပါ အကြောင်းမပြန်ပါဘူး။ သူတို့မှာ ရုရှားကြောက် ရောဂါတွေ ဝင်နေပါတယ်” လို့ ပြောသွားပါတယ်။ 

“အက်စတိုးနီးယား ကိစ္စကလည်း အဲ့လိုပါပဲ။ ရုရှားကြောက် ရောဂါကြောင့်ဖြစ်ရတာပါ။ ဘာသက်သေပြချက်တွေ တစ်ခုမှ မလုပ်နိုင်ပါဘူး။ ရုရှား လေယာဉ်တွေ ဝင်လာတယ်လို့ပဲ ပြောနေတယ်။ ထောက်အထား တစ်ခုမှလည်း မရှိပါဘူး။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ကျနော်တို့ သမ္မတကြီး အလာစကားမှာ တွေ့ဆုံပြီး နောက်ပိုင်းမှာ သူတို့အားကိုးနေတဲ့ အမေရိကန် က ရုရှားဘက်ပါသွားမှာကိုကြောက်ပြီး လုပ်ကြံ ဇာတ်လမ်းတွေကို တစ်ခုပြီး တစ်ခု လုပ်နေတာပါ” လို့ ပြောသွားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)