စက်တင်ဘာ - ၉ ( အင်္ဂါနေ့ )
ပြင်သစ်နိုင်ငံရဲ့ ကြွေးမြီများသည် နိုင်ငံရေးအရ ထိုးနှက်မှုများ ဖြစ်လာနိုင်သလို ယူရိုဇုန်ရဲ့ ဘဏ္ဍာရေးတည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်ကြောင်း ကျွမ်းကျင်သူတစ်ဦးက ပြောလာပါပြီ။ ပြင်သစ်နိုင်ငံက ဥရောပသမဂ္ဂ ( EU ) တွင် ကြွေးမြီအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိတွင် ယူရို ၃.၃၅ ထရီလီယံ (ဒေါ်လာ ၃.၉ ထရီလီယံ) ဖြင့် ရပ်တည်နေပါတယ်။ အဲ့ဒိပမာဏက တိုင်းပြည်ရဲ့ တစ်နှစ်စာဝင်ငွေ GDP ရဲ့ ၁၁၃ % ခန့် ရှိပါတယ်။ လက်ရှိပုံစံအတိုင်း ဆက်သွားနေရင် ၂၀၃၀ မှာ ၁၂၅ % သို့တက်သွားနိုင်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ဘတ်ဂျက်လိုငွေပြမှုသည် ယခုနှစ်တွင် ၅.၈ % ရှိမယ်လို့ ခန့်မှန်းထားပြီး အီးယူရဲ့ ကန့်သတ်ချက်ဖြစ်တဲ့ ၃ % ထက်ကျော်လွန်နေပါတယ်။
ဂျာမနီနိုင်ငံ ရှိ ဥရောပစီးပွားရေး သုတေသနစင်တာမှ သုတေသီတွေက စနေနေ့တုန်းက အစီရင်ခံစာတစ်စောင် ထုတ်ဝေရာမှာ သူတို့က "ပြင်သစ်ကိစ္စက ကျနော်တို့ စိုးရိမ်သင့်ပါတယ်။ ယူရိုဇုန်မှာ ငွေကြေးတည်ငြိမ်မှုက အခုထိမရသေးပါဘူး” လို့ ဆိုသွားပါတယ်။
အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး ပြင်သစ်ဝန်ကြီးချုပ် ဖရန်ဆွာဘေရူး က ပြင်းထန်သော ခြိုးခြံချွေတာရေး အစီအစဉ်ကို လွှတ်တော်ကိုတင်သွင်းခဲ့ပေမဲ့ မနေ့ညနေက မဲခွဲမှုမှာ ရှုံးသွားပါတယ်။ သူ့ရဲ့အစီအစဉ်မှာ အများပြည်သူဆိုင်ရာ အလုပ်အကိုင်များကို လျှော့ချခြင်း၊ လူမှုဖူလုံရေးအသုံးစရိတ်များ လျှော့ချခြင်းနှင့် အစိုးရရုံးပိတ်ရက် နှစ်ရက်ကို လျှော့ချခြင်းတို့ ပါဝင်ပါတယ်။ လက်ယာယိမ်း အမျိုးသားစုဝေးပွဲ၊ ဆိုရှယ်လစ်များနှင့် လက်ဝဲဝါဒီ ပြင်သစ်တို့က ၎င်းအဆိုပြုချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။
ပညာရှင်တစ်ဦးကတော့ ပြင်သစ်နိုင်ငံမှာ မကြာသေးမီကာလအတွင်း ခါးသီးသောနိုင်ငံရေး ပဋိပက္ခ တစ်ခု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ နောက်တစ်ဦးကတော့ ပြင်သစ်နိုင်ငံရဲ့ ကြွေးမြီးများ မြင့်တက်လာမှုက ဥရောပ ဘဏ္ဍာရေးတည်ငြိမ်မှုအတွက် ဗုံးတစ်လုံး ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
ဘတ်ဂျက်လိုငွေ အများအပြားရှိနေပေမဲ့ ပြင်သစ်က ၂၀၂၇ ခုနှစ်တွင် စစ်အသုံးစရိတ် ယူရို ၆၄ ဘီလီယံအထိ တိုးမြှင့်သွားရန် စီစဉ်ထားပြီး အဲ့ဒိပမာဏက၂၀၁၇ တုန်းက သုံးတာထက် ၂ ဆ ဖြစ်နေပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment