မြောက်ဥက္ကလာပမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု များ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု များ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ




မြောက်ဥက္ကလာပ၊ စက်တင်ဘာ  ၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊  မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိမဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြောက်ဥက္ကလာပမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ နှင့် တာဝန်ကျ ဌာနဆိုင်ရာများပူးပေါင်း၍  ယမန်နေ့ နံနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ ဣန္ဒာ (၁၂)လမ်း၊ နိဗ္ဗာန်စိန်ဦးဓမ္မာရုံ ၌ ကွင်းဆင်း ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ကအမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိက မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း သိကောင်းစရာများ၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးမှု အဆင့်ဆင့်ကို ရှင်းလင်းပြသခဲ့ပေးကြပြီး တက်ရောက်လာကြသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာနှင့် အဖွဲ့ဝင် ဗိုလ်မှူးဖြိုးဝေလင်း၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊   မြို့နယ်အဆင့်ဌာနဆိုင်ရာအ သီးသီးမှတာဝန်ရှိသူများ၊ မြို့နယ်‌‌ ရွေးကောက်ပွဲ ကော်မရှင် မှဦးစီးအရာရှိနှင့်ဝန်ထမ်းများ ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲမှဥက္ကဋ္ဌ၊  အတွင်းရေးမှူး နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း (၃၇၀၀)ဦးခန့်မှ စိတ်ပါဝင်စားစွာ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။


သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)