နေပြည်တော်၊ စက်တင်ဘာ ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ကြေညာချက်အမှတ် ( ၉၅ / ၂၀၂၅ ) ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် (ယနေ့) အမျိုးသားဒီမိုကရေစီအင်အားစုပါတီ [ National Democratic Force Party (NDF)]၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ [ Democratic Party of National Politics (DNP) ]၊ အမျိုးသမီးပါတီ (မွန်) နှင့် ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ စုစုပေါင်း နိုင်ငံရေးပါတီ ၄ ပါတီ ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းကြောင်း ကြေညာလိုက်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ ( စ ) နှင့် ( ဇ ) တို့အရ နိုင်ငံရေးပါတီများ ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ် အရေအတွက် ပြည့်မီရေးဆောင်ရွက်ပြီး ကော်မရှင်သို့နောက်ဆုံးတင်ပြရမည့်ရက်ကို ၇ - ၉ - ၂၀၂၅ ရက်နေ့သတ်မှတ်ကြောင်း ၂၀၂၅ ခုနှစ်၊ ဩဂုတ် လ ၂၀ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ( ၅၆/၂၀၂၅ ) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် ( ၉ ) နှင့် ( ၁၀ ) အရ သတ်မှတ်ရက်ဖြစ်သည့် ၇ - ၉ ၂၀၂၅ ရက်နေ့အထိ ပုဒ်မ ၅ ပုဒ်မခွဲ ( စ ) ပါ သတ်မှတ်ပါတီဝင်ဦးရေ မပြည့်မီသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ [ National Democratic Force Party (NDF) ] နှင့် ပုဒ်မ ၅ ပုဒ်မခွဲ ( ဇ ) ပါ ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် မပြည့်မီသည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ [ Democratic Party of National Politics (DNP) ]၊ အမျိုးသမီးပါတီ (မွန်) နှင့် ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ စုစုပေါင်း နိုင်ငံရေးပါတီ ၄ ပါတီကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ ( ခ ) အရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ လ ၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်ခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment