ပင်းတယ၊ စက်တင်ဘာ ၁၄
ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ပင်းတယမြိုမှာ ကိုကျော်ငြိမ်း ရွှေဆိုင်ကို သေနတ်အတုဖြင့် ဓားပြဝင်တိုက်သူကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ယမန်နေ့ စက်တင်ဘာ ၁၃ရက် ညနေပိုင်းက ဈေးတန်းရပ်ကွက်ရှိ KNရွှေဆိုင်ကို ဝင်ရောက်ပြီး ဓားပြတိုက်သွားခြင်းဖြစ်ပြီး ရွှေဆိုင်အမည်မှာ ကိုကျော်ငြိမ်း + မခင်မျိုးသင်း ရွှေငွေရတနာဆိုင်ဖြစ်ကြောင်း၊ ဓားပြတိုက်သူအမျိုးသားမှာ ကလောမြို့ ရပ်ကွက်၆ နေသူ အသက်၃၀ခန့်အရွယ်ဖြစ်ပြီ သေနတ်အတု တစ်လက်ပါဝင်ကြောင်း၊ ဓားပြတိုက်သူမှာ ပစ္စည်းများယူပြီးထွက်ပြေးစဉ် ချော်လဲပြီး ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။
ရွှေဆိုင်ပိုင်ရှင် ဦးကျော်ငြိမ်းသည် အကြမ်းဖက်သမားများ ၏ သတ်ဖြတ်ခြင်း ခံခဲ့ရပြီး အမျိုးသမီးက ရွှေဆိုင်ကို ဆက်လက်လုပ်ကိုင် ဆောင်ရွက်နေခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment