တရားခွင်တွင် အောင်ကိုမိုး ၏ ရှေ့နေက ရိုင်းပြစွာ ပြုမူသဖြင့် တရားသူကြီး သတိပေး တားမြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တရားခွင်တွင် အောင်ကိုမိုး ၏ ရှေ့နေက ရိုင်းပြစွာ ပြုမူသဖြင့် တရားသူကြီး သတိပေး တားမြစ်


နေပြည်တော်၊ စက်တင်ဘာ ၂

နေပြည်တော်တွင် ကျင်းပသည့် အကယ်ဒမီပေးပွဲတွင် ဗုဒ္ဓဦးခေါင်းတော်ကို မဖွယ်မရာ ကိုင်ဆောင်ခြင်းကြောင့် တရားစွဲဆိုခံထားရသည့် အောင်ကိုမိုးအား ယနေ့ ရုံးထုတ်စစ်ဆေးခဲ့ပြီး တရားခံပြသက်သေအဖြစ် အောင်ကိုမိုး၏ ဦးလေး က သက်သေထွက်ဆိုခဲ့သည်။ အောင်ကိုမိုး၏ ရှေ့နေ က တရားခွင်တွင် ကိုယ်အမူအရာ ရိုင်းစိုင်းမှု၊ နှုတ်ထွက် ရိုင်းစိုင်းမှုများကြောင့် တရားသူကြီးမှ တားမြစ်သတိပေးခဲ့ရကြောင်း သိရသည်။

တရားခွင်သို့ တရားလိုဘက်မှ လိုပြသက်သေတွင် ပါဝင်ခဲ့ကြသည့် ဆရာတော်များပါ ဝင်ရောက်ကြားနာခဲ့ရာ အောင်ကိုမိုး၏ ရှေ့နေ အောင်ရဲစိုး ဆိုသူ၏ ရိုင်းပြမှုများနှင့် ပတ်သက်၍ တရားသူကြီးက တားမြစ်ခဲ့ရသည့်အခြေအနေကို မိန့်ကြားပြောဆိုသည်။

ဆရာတော် ဦးပညာ က "ဒီနေ့ ရုံးချိန်းက တရားခံဘက်က သက်သေကို စစ်ဆေးတာဖြစ်ပါတယ်။ သက်သေလာထွက်တဲ့သူက အောင်ကိုမိုးရဲ့ ဦးလေး လို့ သိရတယ်။ ပထမပိုင်း တရားခံဘက်က က သက်သေနဲ့ တရားခံရဲ့ ရှေ့နေ စစ်ဆေးနေတာ။ အဲဒီအချိန်မှာကတည်းက ပြဿနာတက်တာပဲ။ ဆန့်ကျင်ဘက် သက်သေမဟုတ်ဘူး။ သူ့သက်သေကို စစ်ဆေးတာ။ သူလိုချင်တဲ့ အဖြေစကားမရတော့ ရိုင်းရိုင်းစိုင်းစိုင်းပြောတယ်။ ကိုယ်အမူအရာကလည်း ရိုင်းပြတယ်။ တရားသူကြီး က တားယူရတယ်။ တရားသူကြီးကတော့ ကြည့်နေတာကြာပြီ။ ဒီလို အပြုအမူတွေ မကြားခဏလုပ်တယ်။ အောင်ရဲစိုး ဆိုတဲ့ ရှေ့နေကို သတိပေးတားမြစ်တရတဲ့ အခြေအနေ ဖြစ်သွားတယ်" ဟု ပြောသည်။

"သက်သေလာထွက်တဲ့ သူကလည်း ရှေ့နေတွေ တရားသူကြီးတွေ လုပ်ရမယ့် အလုပ်ကို သူက လုပ်နေလို့ တရားသူကြီးက သတိပေးခဲ့ရပါတယ်။" ဟု တရားခွင်ကို သွားရောက်ခဲ့သည့် လိုပြသက်သေတစ်ဦး က ပြောသည်။

အဆိုပါ အမှုဖြစ်စဉ်မှာ အကယ်ဒမီပေးပွဲတွင် အောင်ကိုမိုး က ဗုဒ္ဓဦးခေါင်းတော်ကို ဖက်ရှင်အဖြစ် အသုံးပြုခဲ့ပြီး ပြန်လည်တောင်းပန်ရန် ဝေဖန်ပြောဆိုခဲ့သူများကို ဉာဏ်ရည်နိမ့်သူများအဖြစ် ဆယ်လီမီဒီယာများမှ တုန့်ပြန်ခဲ့ခြင်းကြောင့် ဦးအောင်ကျော်ဦး (ခ) မိုက်ကယ်ဇိုး က တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ပြီး နေပြည်တော်အမျိုးသားရေးအဖွဲ့မှ ဦးဆောင်သံဃာများနှင့် လူပုဂ္ဂိုလ်များက သက်သေအဖြစ် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)