ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး မြန်အောင်မြိုနယ်အတွင်းရှိ မြေပဲစိုက် သမဝါယမအသင်းသားတောင်သူများ၏ စိုက်ပျိုးအောင်မြင်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး မြန်အောင်မြိုနယ်အတွင်းရှိ မြေပဲစိုက် သမဝါယမအသင်းသားတောင်သူများ၏ စိုက်ပျိုးအောင်မြင်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေး




မြန်အောင်  ၊ စက်တင်ဘာ ၂


ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများသည် ယ‌နေ့နံနက်က မြန်အောင်မြို့နယ်အတွင်းရှိ မြေပဲစိုက်သမဝါယမအသင်းသား တောင်သူများ မြေပဲစိုက်ပျိုးအောင်မြင်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။


ဦးစွာ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများသည် "ထူးမေတ္တာ" စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက် ကညင်ငူကျေးရွာအုပ်စု ကာစီကွင်းကျေးရွာ တောင်သူ ဦး‌အောင်စိုး၏ မြေပဲ(ပင်ပြား)(၅) ဧကစိုက်ခင်းတွင် မြေပဲစိုက်ပျိုးအောင်မြင်မှုအ‌ခြေအနေများကို ကြည့်ရှုအား‌ပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်‌ဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍ ကညင်ငူကျေးရွာအုပ်စု ကာစီကွင်းကျေးရွာဓမ္မာရုံတွင် မြေပဲစိုက်တောင်သူများနှင့် တွေ့ဆုံ၍ ၂၀၂၅-၂၀၂၆ ခုနစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းသမဝါယမကဏ္ဏမှ မြေပဲကိုသတ်မှတ်လျာထားဧက (၇)သောင်းကျော်စိုက်ပျိုးနိုင်ရေး၊ တောင်သူလိုအပ်ချက် မျိုးမြေပဲသွင်းအားစုများ ဖြည့်ဆည်းပံ့ပိုးနိူင်ရေးအတွက် ယခုလိုကွင်းဆင်း‌ခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် တောင်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး တင်ပြချက်များကို တိုင်းဒေသကြီးဦးစီးမှူးက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ‌ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်း နှင့်တာဝန်ရှိသူများ၊ မြန်အောင်မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယမင်းသူ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့်အဖွဲ့ဝင်များ၊ သမဝါယမအသင်းသား တောင်သူများ တက်ရောက်ခဲ့ကြသည်။


ဝင်းဗိုလ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)