မှော်ဘီမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း(ငြိမ်း)ပင်စင်စားများနှင့်ရုံးသို့နိုင်ငံသားစိစစ်ရေး ကဒ်လာရောက်ဆောင်ရွက်သူများ၊UIDကဒ်နံပါတ်ဆက်လက်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မှော်ဘီမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း(ငြိမ်း)ပင်စင်စားများနှင့်ရုံးသို့နိုင်ငံသားစိစစ်ရေး ကဒ်လာရောက်ဆောင်ရွက်သူများ၊UIDကဒ်နံပါတ်ဆက်လက်ဆောင်ရွက်




မှော်ဘီ  ၊စက်တင်ဘာ  ၂


   ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မှော်ဘီခရိုင်မှူးနှင့်မှော်ဘီမြို့နယ်ဦးစီးမှူးတို့၏ကြီးကြပ်ဦးဆောင်မှုဖြင့် မှော်ဘီမြို့နယ် ဦးစီးမှူးရုံး မှလဝကမှူးဒေ့်အေးအေးထွေးနှင့်ဝန်ထမ်း(၅)ဦးတို့ကမြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစီးမှူးရုံးတွင်နိုင်ငံ့ဝန်ထမ်း(ငြိမ်း) ပင်စင်စားများအားပင်စင်လာရောက်ထုပ်ယူသူများကိုUIDနံပါတ်များထုပ်ပေးဆောင်ရွက်ခြင်းနှင့်အခြားလိုအပ်သည့် Biometric ကောက်ယူခြင်း၊ Smart Card များပြုလုပ်ပေးခြင်းလုပ်ငန်းများကိုဆက်လက်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိ သည်။ 


      အဆိုပါဆောင်ရွက်ရာတွင်မြို့နယ်ဦးစီးမှူးဦးဝင်းမြတ်ဆွေ နှင့်လဝကမှူးဒေါ်အေးအေးထွေးပါဝန်ထမ်းများကပင်စင်လာရောက်ထုတ်ယူလျက်ရှိသည့်နိုင်ငံ့ဝန် ထမ်း ( ငြိမ်း) ပင်စင်စားများနှင့်အခြားနိုင်ငံဝန်ထမ်းမဟုပ်သောရပ်ကွက်/ကျေးရွာရှိအများပြည်သူများအားလည်းနိုင်ငံသားစိစစ်ရေးကဒ်ပြားအပြောက်အပျက်များပြုလုပ်ဆောင်ရွက်ပေးခြင်း၊အသက်(၁၈)နှစ်ပြည့်နှင့်အသက်(၃၀)ပြည့်နိုင်ငံသားစီစစ်ရေးကဒ်အသစ်လည်းလှယ်ပေးခြင်း၊Biometric ကောက်ယူခြင်း၊ Smart Card များပြုလုပ်ပေးခြင်း၊UIDနံပါတ်များထုတ်ပေးခြင်းလုပ်ငန်းများကိုမှော်ဘီမြို့နယ်လဝကရုံးတွင်ဆက်လက်ဆောင်ရွက်ပေးလျှက်ရှိကြောင်းလည်းသိရသည်။



ဝင်းဇော်(မှော်ဘီ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)