ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး တက်ရောက်ရန် ပယ်ဖျက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး တက်ရောက်ရန် ပယ်ဖျက်



ဘန်ကောက်၊ အောက်တိုဘာ ၂၆ 

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ် က ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံသွားသဖြင့် ထိုင်းနိုင်ငံတစ်ဝန်း ဝမ်းနည်းကြေကွဲခြင်းကာလသို့ ဝင်ရောက်သွားကြောင်း၊ ၎င်းကိုယ်တိုင်အနေဖြင့် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်၍ (၃၂) ကြိမ်မြောက် အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး တက်ရောက်ရန် စီစဉ်ထားမှုကိုလည်း ပယ်ဖျက်လိုက်ကြောင်း အောက်တိုဘာ ၂၅ ရက် အစိုးရအဖွဲ့အစည်းအဝေး ပြီးနောက် မီဒီယာများအား ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က တော်ဝင်ဈာပနအခမ်းအနားကျင်းပရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ပြည်တွင်းတွင်နေ၍ ဈာပနဆိုင်ရာ လုပ်ငန်းများကို ကြီးမှူးစီမံရန် လိုအပ်သောကြောင့် မူလက အောက်တိုဘာ ၂၅ ရက်တွင် မလေးရှားနိုင်ငံသို့ သွားရောက်မည့် နိုင်ငံတော်ခရီးစဉ်အား ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း အနူတင် ချန်ဗီရာကူးလ် ကပြောကြားခဲ့သည်။ 

၎င်းအနေဖြင့် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင် မလေးရှားနိုင်ငံသို့ သွားရောက်၍ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ငြိမ်းချမ်းရေးလမ်းညွှန်ချက်နှင့် စပ်လျဉ်း၍ ပူးတွဲကြေညာချက် လက်မှတ်ရေးထိုးသည့် အခမ်းအနား တက်ရောက်ပြီးနောက် ထိုင်းနိုင်ငံသို့ ပြန်လာမည်ဖြစ်ကြောင်း၊ အာဆီယံထိပ်သီးအစည်းအဝေး၏ အခြားဆက်စပ်အစည်းအဝေးနှင့် APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow မှ ကိုယ်စား တက်ရောက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အနူတင် ချန်ဗီရာကူးလ်က အောက်တိုဘာ ၂၅ ရက်တွင် ထိုနေ့မှစ၍ နိုင်ငံတစ်ဝန်း ဝမ်းနည်းကြေကွဲခြင်းကာလ ဝင်ရောက်ကြောင်း၊ အစိုးရဌာန၊ အစိုးရပိုင်လုပ်ငန်းအဖွဲ့အစည်း၊ ဆေးရုံ၊ စာသင်ကျောင်းနှင့် အမျိုးသားအဖွဲ့အစည်းများတွင် ရက်ပေါင်း ၃၀ အလံတိုင်တစ်ဝက် လွှင့်ထူထားရန်၊ အစိုးရအရာရှိနှင့် အစိုးရဝန်ထမ်းများက ဝမ်းနည်းကြေကွဲခြင်းအထိမ်းအမှတ်အဖြစ် တစ်နှစ်ကြာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ရန်၊ သာမန်ပြည်သူများအနေဖြင့် ရက်ပေါင်း ၉၀ အတွင်း မိမိ၏အခြေအနေအရ ဝမ်းနည်းကြေကွဲခြင်း သတ်မှတ်ချက်များကို လိုက်နာရန် အကြံပြုကြောင်း ကြေညာခဲ့သည်။ နယ်ပယ်အသီးသီးက ရက်ပေါင်း ၃၀ အတွင်း စတိတ်ရှိုး စသည့် ဖျော်ဖြေရေးလှုပ်ရှားမှုများ ကျင်းပခြင်းကို ရပ်ဆိုင်းရန် သို့မဟုတ် လျှော့ချရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)