ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာ၌ ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသပေးနေမှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာ၌ ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသပေးနေမှု ကြည့်ရှုအားပေး


နေပြည်တော်၊ အောက်တိုဘာ ၂၆

ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာ အားကောင်းသည့် လူမှုအသိုက် အဝန်းဖော်ဆောင်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့က ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး (နေပြည်တော်)နှင့် ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံ (တပ်ကုန်း) တို့မှ အထူးကုဆရာဝန်ကြီးများက တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာ၌ ကွင်းဆင်းဆေးဝါးကုသမှုလုပ်ငန်း ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် လုပ်ငန်းကော်မတီအဖွဲ့သည် တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာရှိ မင်္ဂလာရန်အောင်ကျောင်းတိုက်တွင် အုန်းပင်ကျေးရွာနှင့် အနီးပတ်ဝန်း ကျင်ကျေးရွာများဖြစ်သည့် တောင်ပို့သာ၊ သကြားဟင်းအိုး၊ သစ်ဆိမ့်ပင်၊ ဆူးတက်၊ ကျောက် စရစ်ကုန်း၊ ကျွဲလည်ပင်း၊ ချင်းစုနှင့် ကြာပင်အင်းကျေးရွာတို့မှ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများပါဝင်သည့် ကျန်းမာရေးအဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုနှင့် လူသုံးကုန်နှင့် ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးနေမှု တို့ကို ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများအတွက် ဗုဒ္ဓဆင်းတုရုပ်ပွားတော်များနှင့် ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ဝေသည့် ၂၀၂၆ ခုနှစ် ပြက္ခဒိန်များအား ပေးအပ်လှူဒါန်းသည်။

ထို့နောက် ကျေးရွာပြည်သူ လူထုနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်မီဒီယာ အနေဖြင့် အမျိုးသားသဘာဝဘေး စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းစဉ်များအတိုင်း သတင်းအချက် အလက်များကို စဉ်ဆက်မပြတ် ထုတ်ပြန်ပေးခြင်းနှင့် အသိပညာမျှဝေပေးခြင်းတို့အပြင် အနုပညာ ရှင်များနှင့်ပေါင်းစပ်၍ သဘာဝ ဘေးသင့်ဒေသများသို့ သွားရောက်ပြီး စာနာမှု၊ အားပေးမှုနှင့် စိတ်ခွန် အားမြှင့်တင်မှုတို့အတွက် ဖျော်ဖြေ ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးလက် နေပြည်သူများအနေဖြင့် မိမိတို့ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းပြီး တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖြစ်ပေါ်လာ စေရေးအတွက် နိုင်ငံတော်အစိုးရနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ရာဂီမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အုန်းပင် - တောင်ပို့သာ ကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ လယ်ငယ် ချောင်းကူးတံတားအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့က အရှည်ပေ ၃၀၀ ရှိ သံကူကွန်ကရစ် ချောင်းကူးတံတား ပြန်လည်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ ခွင့်ပြုရန်ပုံငွေနှင့် ဆည်မြောင်းဦးစီးဌာနက ရာဂီ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပွဲစားရေလွှဲဆည်အား ပြန်လည်ပြုပြင်ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် သားခိုတောင် မဟာအတုလ လောကရန်အောင် ဆုတောင်းပြည့် စေတီတော်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို ၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေအား စေတီတော်ဂေါပက တာဝန်ရှိသူထံ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် ရှေးဟောင်းသမိုင်းဝင် သားခိုတောင်ဒေသအား ပြည်သူများ လာရောက်လေ့လာ နိုင်မည့် ဒေသန္တရခရီးစဉ်တစ်ခု အဖြစ်ဖော်ဆောင်ကာ ညောင်ပင် သာအပန်းဖြေစခန်းနှင့် တွဲဖက် ၍ ခရီးသွားဧည့်သည်များ လာရောက်ခြင်းဖြင့် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး ဝင်ငွေတိုးတက်စေမည့်အစီအမံများနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

သားခိုတောင် မဟာအတုလ လောကရန်အောင် ဆုတောင်းပြည့်စေတီသည် တပ်ကုန်းမြို့၏ အရှေ့ဘက် မိုင် ၂၀ ခန့်အကွာ အုန်းပင်ကျေးရွာတွင် တည်ရှိပြီး သမိုင်းဝင်နေရာတစ်ခုဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)