အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (Authorized Economic Operators – AEO) အသိအမှတ်ပြုလက်မှတ်ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (Authorized Economic Operators – AEO) အသိအမှတ်ပြုလက်မှတ်ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ



ရန်ကုန်  ၊ အောက်တိုဘာ ၁၅


ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (Authorized Economic Operators – AEO) အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးချူပ် ဦးသိန်းဆွေက အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ အစီအစဉ်နှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ဒုတိယဥက္ကဋ္ဌက အမှာစကားပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက Shwe Wah Yaung Agriculture Production Co., Ltd နှင့် Proven Technology Industry Co., Ltd တို့ကို အခွင့်ရစီးပွားရေး လုပ်ငန်းဆောင်ရွက်သူ AEO (Level-2) အသိအမှတ်ပြုလက်မှတ်များအားလည်းကောင်း၊ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက Wilmar Myanmar Riceland Limited ၊ Wilmar Myanmar Edible Oils Limited နှင့် UPG Paint & Coating Co., Ltd တို့ကို  အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ AEO (Level-1) အသိအမှတ်ပြုလက်မှတ်များအားလည်းကောင်း တာဝန်ရှိသူများထံ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ AEO အဖြစ်အသိအမှတ်ပြုလက်မှတ်ချီးမြှင့်ခံရသည့် ကုမ္ပဏီများကိုယ်စား UPG Paint & Coating Co., Ltd မှ မန်နေးဂျင်းဒါရိုက်တာဦးအေးဟန်က ကျေးဇူးတင်စကားပြောကြားသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ပြသထားသည့်ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ဇွဲထက်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)