နေပြည်တော်၊ အောက်တိုဘာ ၁၅
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် နိုင်ငံတော်၏ ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မိန့်ခွန်း ပြောကြားရာတွင် "သက်ဆိုင်သူပုဂ္ဂိုလ်များပေါ့ တိုင်းရင်းသားပြည်သူများရဲ့ အကျိုး၊ နိုင်ငံတော်ရဲ့ အကျိုးကို ကြည့်ပြီးတော့ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော် အလေးအနက် ပြောပါရစေ။ ကျွန်တော်တို့ရဲ့ နိုင်ငံကို ဒုက္ခရောက်အောင် မလုပ်ကြဖို့ ကျွန်တော် ပြောချင်ပါတယ်။ တိုင်းပြည် ကောင်းအောင် လုပ်ကြဖို့၊ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ကိုလည်း ကျွန်တော် ပြောလိုပါတယ်။" ဟု ထည့်သွင်း ပြောကြားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က "စည်းကမ်းတကျ ရွေးကောက်ပွဲဖြစ်ဖို့အတွက်၊ ရွေးကောက်ပွဲကတဆင့် လာမယ့်အစိုးရသစ် တက်လာပြီးတော့မှ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်ဖို့အတွက် စည်းကမ်းတကျ ဖြစ်ဖို့အတွက် အဓိကကျတဲ့ ခေါင်းဆောင်တွေနဲ့ပေါ့ဗျာ၊ မြို့မိမြို့ဖတွေနဲ့ ထိန်းသိမ်းဆောင်ရွက်ပေးကြဖို့လည်း ကျွန်တော် ပြောလိုပါတယ်။ ကျွန်တော် ပြောခဲ့တဲ့အတိုင်းပဲ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေဖို့၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံပြီး ပြည်ထောင်စုတည်ဆောက်ရေး ဒါက ပြည်သူလူထုရဲ့ ဆန္ဒဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ငြိမ်းချမ်းရေး (၁၀)နှစ်ပြည့် လုပ်တယ်။ ကျွန်တော်တို့ ဒါကို အကောင်အထည်ဖော်နိုင်ဖို့ဆိုရင် ကျွန်တော်တို့ နောက်ကျနေပါတယ်။ ၁၀နှစ်အတွင်းမှာလည်း ပထမ ၅နှစ်၊ ဒုတိယ ၅နှစ်။ ပထမ ၅နှစ်အတွင်းမှာလည်း ငြိမ်းချမ်းရေး ညီလာခံလုပ်ပြီးတော့မှ ဒီဟာကို ဆက်လက်အကောင်အထည် ဖော်နိုင်ဖို့ ကြံခဲ့တာပဲ။ ကျွန်တော်တို့ တာဝန်ယူတဲ့ ကာလမှာလည်း တပ်မတော်နဲ့ မို့လို့ လက်မှတ်မရေးထိုးနိုင်ဘူးဆိုတဲ့ ဟာမျိုး၊ တပ်မတော်က ဒီအထဲမှာ လက်မှတ်ရေးထိုးထားတယ်။ ကျွန်တော်ကိုယ်တိုင် လက်မှတ်ထိုးထားတယ်။ ကျွန်တော့်ဘက်က ကတိဘယ်တော့မှ မပျက်ဘူး။ ကျွန်တော်ပြောတဲ့ ပါးစပ်ကတိလည်း မဖျက်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့သာ စောစောစီးစီး ဆွေးနွေး ဆောင်ရွက်ခဲ့မယ်ဆိုရင် အခု ဒါတွေ အကောင်အထည်ပေါ်နေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရတဲ့အချိန်လေးအတွင်းမှာတောင်မှ ကျွန်တော်တို့ စောစောက ဥပဒေပြင်ဆင်ရေး သဘောတူညီချက် ရအောင် ညှိခဲ့တယ်။ ကျွန်တော် သဘောပေါက်ပါတယ်။ ဒါကြောင့် ပြောချင်တာကတော့ သက်ဆိုင်သူပုဂ္ဂိုလ်များပေါ့ တိုင်းရင်းသားပြည်သူများရဲ့ အကျိုး၊ နိုင်ငံတော်ရဲ့ အကျိုးကို ကြည့်ပြီးတော့ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော် အလေးအနက် ပြောပါရစေ။ ကျွန်တော်တို့ရဲ့ နိုင်ငံကို ဒုက္ခရောက်အောင် မလုပ်ကြဖို့ ကျွန်တော် ပြောချင်ပါတယ်။ တိုင်းပြည် ကောင်းအောင် လုပ်ကြဖို့၊ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ကိုလည်း ကျွန်တော် ပြောလိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ တိုင်းပြည်ကောင်းအောင် လုပ်ဖို့ဆိုရင် အမြဲတမ်း အဆင်သင့်ရှိတယ်ဆိုတဲ့ အကြောင်းလည်း ထပ်လောင်းပြောချင်ပါတယ် ခင်ဗျာ။" ဟု ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment