အဖျောက်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်း၊ Biometric ကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဖျောက်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်း၊ Biometric ကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်


Uploading: 870985 of 870985 bytes uploaded.


တိုက်ကြီး  ၊ အောက်တိုဘာ ၂၇


ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုက်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ Boimetric ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အဖျောက်မြို့ မြို့အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုက်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေကြီးကြပ်မှုဖြင့် လဝကမှူး ဦးဇော်ဝင်းမောင်ဦးဆောင်၍ ဝန်ထမ်းများက ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ ကျုံအီကျေးရွာအုပ်စုအပိုင်တွင် နေထိုင်ကြသော ရေပြန်အနောက်ကျေးရွာမှ ပြည်သူများအား အခြေခံမဲစာရင်းတွင်ပါဝင်စေရေးအိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်ကြိမ်တစ်ခါမျှ မပြုလုပ်ရသေးသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းနှင့် Boimetric အချက်အလက်ကောက်ယူခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက် ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုအား မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွေး၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့မှ ဗိုလ်မှူးနှင့်တပ်ဖွဲ့ဝင်များ၊ နယ်မြေရဲစခန်းမှူး၊ နယ်မြေမီးသတ်တာဝန်ခံနှင့် လုံခြုံရေးတပ်ဖွဲ့များက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဝတ်ရည်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)