မွန်ပြည်နယ် ဥပဒေချုပ်ရုံး၌ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် မှာကြားချက်များအား ထပ်ဆင့်ရှင်လင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဥပဒေချုပ်ရုံး၌ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် မှာကြားချက်များအား ထပ်ဆင့်ရှင်လင်းဆွေးနွေးပွဲကျင်းပ




မော်လမြိုင်  ၊ အောက်တိုဘာ ၂၇


ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို အောက်တိုဘာ ၂၅ ရက်‌‌က မွန်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဒေါက်တာ ထိန်းလင်းဦးတို့၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်လင်းပြီး မွန်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ကြသော ခရိုင်ဥပဒေအရာရှိများ၊ မြို့နယ်ဥပဒေအရာရှိများအနေဖြင့် လာမည့်ဒီဇင်ဘာ ၂၈ ရက်တွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်၍ ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ဥပဒေများအား ကြိုတင်လေ့လာထားကြရန် လိုအပ်ကြောင်း၊ အဂတိတရားကင်းရှင်းစွာဆောင်ရွက်ကြရန်၊ ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာနေထိုင်ကြရန်နှင့် မိမိလုံခြုံရေး၊ မိမိရုံးလုံခြုံရေးတို့ကိုအလေးထားကြရန်၊  မွန်ပြည်နယ်အတွင်းရှိ ဥပဒေရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဥပဒေအရာရှိများ၊ ဝန်ထမ်းများသည် နိုင်ငံသူ၊ နိုင်ငံသားများဖြစ်ကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများ၏ အခွင့်အရေးများမဆုံးရှုံးရအောင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ဆန္ဒမဲများပေးရန်လိုကြောင်း၊ ဆန္ဒမဲမေးရာတွင်လည်း မိမိတို့ဒေသနှင့်နိုင်ငံ၏အကျိုးကို အမှန်တကယ် လိုက်နာစောင့်ထိန်းနိုင်သည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာ စောင့်ထိန်းလိုက်နာသည့်သူ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအမြင်ရှိသူကို ရွေးချယ်ကြ ရန်လိုကြောင်း မှာကြားသည်။


ထို့နောက် ပြည်နယ်ဥပဒေအရာရှိ ဦးအောင်ကိုမြတ်က ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၏ ကဏ္ဍအလိုက်ရှင်းလင်းဆွေးနွေးမှုများကို ထပ်ဆင့်ရှင်းလင်းပြီး တက်ရောက်လာသော ဥပဒေအရာရှိများက မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုများ အခက်အခဲများကိုတင်ပြခဲ့ရာ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဥပဒေအရာရှိက ပြန်လည်ရှင်းလင်း ဆွေးနွေးကြကြောင်း သိရသည်။


စည်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)