ရုရှား - ဂျပန် ငြိမ်းချမ်းရေး စာချုပ်ချုပ်ဖို့ ပြင်ဆင်နေကြပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှား - ဂျပန် ငြိမ်းချမ်းရေး စာချုပ်ချုပ်ဖို့ ပြင်ဆင်နေကြပြီ


အောက်တိုဘာ - ၂၅ ( စနေနေ့ ) 

ရုရှားနှင့် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးဖို့အတွက် သဘောတူလိုက်တဲ့ ဂျပန်နိုင်ငံကို ရုရှားဘက်က ကြိုဆိုကြောင်း ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပ်ကစ်ကော့ဗ် က မနေ့က ပြောကြားလိုက်ပါတယ်။ ယင်းသဘောတူညီချက်ကို လိုက်နာခြင်းက ဂျပန်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနေးတာကိုင်ချီ က ဆိုလိုက်ပါတယ်။ သူမက အဲ့ဒိမှတ်ချက်စကားကို လွှတ်တော်မှာ ပြောကြားခဲ့တာပါ။ 

ဒုတိယကမ္ဘာစစ်အပြီးတွင် ဂျပန်နှင့် ရုရှားတို့သည် ငြိမ်းချမ်းရေးစာချုပ်ကို တရားဝင် မချုပ်ဆိုထားခဲ့ပါဘူး။ အဲ့လို မချုပ်ဆိုခဲ့လို့ ၁၉၄၅ခုနှစ်ကတည်းက ဂျပန်မြောက်ပိုင်းမှာရှိတဲ့ ကူရေးကျွန်း ၄ကျွန်းနဲ့ ပတ်သက်ပြီး သူပိုင် ငါပိုင် အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်နေခဲ့ပါတယ်။ ဂျပန်ဘက်ကတော့ အဲ့ဒိကျွန်း၄ ကျွန်းကို ဂျပန်ရဲ့ မြောက်ပိုင်းနယ်မြေတွေဆိုပြီး ဆက်လက်တောင်းဆိုမှုတွေကို လုပ်နေတုန်းပါပဲ။ “ဂျပန်အစိုးရရဲ့ မူဝါဒက နယ်မြေပြဿနာကို ဖြေရှင်းပြီး ငြိမ်းချမ်းရေးစာချုပ်ကို အပြီးသတ်ဖို့ပါ” လို့ တာကိုင်ချီက လွှတ်တော်သို့ ပြောကြားခဲ့ပါတယ်။

ကရင်းမလင်အစိုးရက “ဒီလိုထုတ်ပြန်ချက်တွေကို ကြိုဆိုဖို့ ကောင်းပါတယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။ မော်စကိုက “ဂျပန်နဲ့ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးရေးကိုလည်း ထောက်ခံပါတယ်” လို့ ပက်စ်ကော့ဗ် က သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။ အရင်က ဂျပန်နိုင်ငံက ရုရှားနိုင်ငံအပေါ် မကောင်းမြင်တွေရှိခဲ့ပြီး အနောက်နိုင်ငံတွေအကြိုက် ရုရှားနိုင်ငံအပေါ်  ပိတ်ဆို့အရေးယူမှုတွေအား ဂျပန်က ထောက်ခံခဲ့ပါတယ်။ အခု အသစ်တက်လာတဲ့ ဝန်ကြီးချုပ် ဆာနေး က ရုရှားနဲ့ ပတ်သက်ပြီး အမြင်ပြောင်းလဲလာမှုကို ကြိုဆိုတာပါလို့ ဆိုလိုက်တာပါ။ 

တိုကျို နဲ့ မော်စကိုတို့ကြား ဆွေးနွေးမှုတွေက လုံးဝနီးပါး မရှိခဲ့ကြပါဘူး။ ကူရေးကျွန်းများအရေး ပိုင်နက်အငြင်းပွားမှုက ရုရှားနှင့် ဂျပန်ကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် အဓိကကျတဲ့ အတားအဆီးတစ်ခုဖြစ်နေခဲ့ပါတယ်။ ၁၉၅၁ ဆန်ဖရန်စစ္စကို ငြိမ်းချမ်းရေးစာချုပ်အရ တိုကျိုက ကူရေးကျွန်းများကို တောင်းဆိုထားပေမဲ့ အငြင်းပွားနေတဲ့ ကျွန်း ၄ ကျွန်းက ကူရေးကျွန်းစုမှာ မပါဝင်ဘူးဖြစ်နေပါတယ်။ ဒါကြောင့် ရုရှားက ကျွန်းလေးကျွန်းလုံးကို ၎င်း၏ အချုပ်အခြာပိုင်နက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ထိန်းသိမ်းထားလိုက်တာပါ။ 

ဆာနေးကတော့ ရုရှား နဲ့ အငြင်းပွားနေတာက တိုင်းပြည်ကို စိုးရိမ်ရေအမှတ်ကို မြှင့်တင်ပေးသလို ဖြစ်နေတယ်ဆိုပြီး ပြောသွားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)