မဟာဗန္ဓုလလမ်း ယာဉ်မှောက်မှုတွင် ကားမောင်းသူ ထွက်ပြေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာဗန္ဓုလလမ်း ယာဉ်မှောက်မှုတွင် ကားမောင်းသူ ထွက်ပြေး


ရန်ကုန်၊ အောက်တိုဘာ၂၅

ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းနှင့် မဟာဗန္ဓုလလမ်းဆုံတွင် ယနေ့အောက်တိုဘာလ၂၅ရက် နံနက်၈း၀၀ နာရီအချိန်က YGN 21 3B/98933 တိုယိုတာတောင်းအေ့စ် ကြားကားတစ်စီးတိမ်းမှောက်ရာ ကားပေါ်ပါလူတစ်ဦးသေဆုံးပြီး ယာဉ်မောင်းမှာ ကားကိုထားပြီး ထွက်ပြေးသွားကြောင်းသိရသည်။

အဆိုပါကြားကားသည် မီးနီကိုဖြတ်မောင်းစဉ် တစ်ဖက်မှယာဉ်ကြောအမှန်အတိုင်း မောင်းလာသောအငှားယာဉ်ကို ဝင်တိုက်ပြီး အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်ခဲ့သည်။ ယာဉ်တိမ်းမှောက်မှုကြောင့်အဆိုပါ ကြားကားပေါ်တွင်လိုပါလာသော ယာဉ်ပိုင်ရှင်ဦးသန်းစိုး(၆၄နှစ်)မှာ ဦးခေါင်းပွင့်ထွက် ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးပြီး စပယ်ယာဖြစ်သူ ကိုဇော်နိုင်လင်း (၂၇နှစ်)၊ ခရီးသည်များဖြစ်သော ကိုညီညီမင်း(၂၉နှစ်)၊ ဦးစိုးတင့်(၅၈နှစ်)၊ ဒေါ်စုစုမြင့်(၅၂နှစ်)တွင် ဒဏ်ရာများရရှိပြီး ရန်ကုန်ဆေးရုံကြီးတွင် ကုသထားကြောင်းသိရသည်။

မော်တော်ယာဉ်ကို မဆင်မခြင်မောင်းနှင်ရုံမက ယာဉ်တိုက်ပြီး ထွက်ပြေးသွားသော ယာဉ်မောင်း(အမည်စုံစမ်းဆဲ)ကို အမှုဖွင့်ပြီး ဖမ်းမိရေးဆောင်ရွက်နေကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)