မြောက်ဥက္ကလာပ၊ အောက်တိုဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ စံပြ(ဂ)ရပ်ကွက် ၊ ဥက္ကာ ၂ လမ်း ၊ ဝါတွင်း အင်္ဂါပါတ် မြတ်ဒါနသာသနာ့ဗိမ္မာန်တွင် ဂေါပကအဖွဲ့မှကြီးမှူး၍ (၇)ရက်သားသမီးများ စုပေါင်းလှူဒါန်းသော ဆွမ်း သိမ်း အောင်ပွဲ နှင့် စာရေးတံမဲ အလှူပွဲတော်ကို ယနေ့ နံနက် ၉ နာရီအချိန် အဆိုပါ သာသနာ့ဗိမ္မာန်တွင် ကျင်းပ ပြုလုပ် ခဲ့ သည်။
ဦးစွာအခမ်းအနားကို ပင့်ဖိတ်ထားသော ဩဝါဒါ စရိယ ဆရာတော်ကြီး များ နှင့် သံဃာတော် အရှင်သူမြတ်များ ၊ ဝါတွင်း အင်္ဂါပါတ်မြတ်ဒါနဓမ္မာရုံ ဂေါပကအဖွဲ့ဥက္ကဋ္ဌ နှင့် ကော်မတီ၀င်များ ၊အလှူရှင်များ ၊ဖိတ်ကြားထားသည့် ဧည့်သည့် တော်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး သံဃာနာယကအဖွဲ့၀င် မြတ် ဒါန သာသနာဗိမ္မာန် ဆွမ်းလောင်းဓမ္မာရုံ၏ ဩဝါဒစရိယ-ဓမ္မဝိဟာရီ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိသာရဒ ထံမှ ငါး ပါး သီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ပင့်ဖိတ်ထားသော ဩဝါဒါစရိယ ဆရာတော် နှင့် သံဃာတော်အရှင်သူမြတ်များ က မေတ္တာသုတ် အစရှိသော ပရိတ်တရားတော်များ ရွတ်ပွား ချီးမြှင့် တော် မူကြပြီး မြတ်ဒါနသာသနာဗိမ္မာန် ဆွမ်းလောင်းဓမ္မာရုံ ဥက္ကဋ္ဌ ဦးဌေးလွင်က မြတ်ဒါနသာသနာ့ဗိမ္မာန်၏ ဆောင်ရွက်ပြီးစီးမှု နှင့် ရှေ့လုပ်ငန်းစဉ်များအား လျှောက်ထားတင်ပြခဲ့သည်။
ဆက်လက်၍ မြတ်ဒါန သာသနာဗိမ္မာန် ဆွမ်းလောင်းဓမ္မာရုံ အကျိုးဆောင် ဘဏ္ဍာရေးမှူး သင်္ချာဆရာ ဦး မောင်လှက ဝါတွင်းဆွမ်း လောင်းလှူရရှိမှု ငွေစာရင်းအားတင်ပြ လျှောက်ထားကာ မြတ်ဒါန သာသနာဗိမ္မာန် ဆွမ်း လောင်းဓမ္မာရုံ အကျိုးတော် ဆောင် ဒုတိယဥက္ကဋ္ဌ ဦးယူစိန်မှ စာရေးတံမဲဆု စာရင်းအား ဖတ်ကြား လျှောက်ထားခဲ့ကာ စာရေးတံမဲ အလှူများ မဲဖောက်ပြီး (၇) ရက်သားသမီးအလှူရှင်များက ဆရာတော်များထံသို့ စာရေးတံမဲ အလှူ နှင့် သီလ ရှင် ဆရာလေးများအား အလှူငွေ အသီးသီးဆက် ကပ်လှူဒါန်းခဲ့ကြသည်။ယင်းနောက် ဩဝါဒါစရိယဆရာတော် ဘုရား ထံမှ အနုမောဒနာ တရား နာယူ၍ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကအခမ်းအနားကို ဗုဒ္ဓသာ သ နံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအားရုတ်သိမ်းခဲ့ပြီး ဆရာတာ် အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ မြောက်ဥက္ကလာပမြို့နယ် ၊ စံပြ(ဂ)ရပ်ကွက် ၊ ဥက္ကာ ၂ လမ်း ၊ ဝါတွင်း အင်္ဂါပါတ် မြတ်ဒါန သာသနာ့ ဗိမ္မာန်ဓမ္မာရုံတွင် ဆင်ယင်ကျင်းပပြုလုပ်အပ်သော ဆွမ်းသိမ်းအောင်ပွဲ နှင့် စာရေးတံမဲ အလှူရှင် ဦး၀င်းထိုက် နှင့် ဒေါ် နွယ်နီ၀င်း မိသားစုမှ ဆွမ်းချက်ဆောင် မတည်ငွေ နှင့် အမိုးအတွက် လှူဒါန်းငွေ ၅၂ သိန်း ၊ အလှူရှင်ကွယ်လွန် သူ ဖခင် ကြီး ဦးထွန်းကြည် ၊ မိခင်ကြီး ဒေါ်အန်ချေလဲတို့အား ရည်စူး၍ သင်္ချာဆရာ ဦးမောင်လှ နှင့် ဒေါ်ခင်ရီ မိသားစုမှ ဆွမ်း ချက် ဆောင် အပေါ်ထပ် ကာရန် အလှူငွေ ၁၁ သိန်း၊ အလှူရှင် မိခင်ကြီး ဒေါ်ခင်လှိုင် နှင့် သမီး မအိဖြူတို့မှ ဉယျာဉ် တိုင် (၈)တိုင် အတွက် အလှူငွေ ၈ သိန်း၊ ကြွရောက်လာကြသော ဩဝါဒစရိယ ဆရာတော်ကြီးများ နှင့် ဝါတွင်းကာလ အခါသမယက ဆွမ်းလောင်းလှူခဲ့သော ဘုန်းတော်ကြီးကျောင်း ၁၅ ကျောင်းမှ သံဃာကိုယ်စားလှယ်များအား စာရေး တံမဲ မဲဖောက် လောင်းလှူခဲ့သည့် အလှူငွေ စုစုပေါင်းမှာ ၈၇ သိန်းတိတိဖြစ်ကြောင်း အကျိုးဆောင် ဦးသန်းဦး ထံမှ သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost







No comments:
Post a Comment