ယူကရိန်းကို တာဝေးပစ်လက်နက်တွေ ပေးဖို့အတွက် အနောက်အုပ်စုအတွင်း သဘောထားကွဲလွဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်းကို တာဝေးပစ်လက်နက်တွေ ပေးဖို့အတွက် အနောက်အုပ်စုအတွင်း သဘောထားကွဲလွဲ


အောက်တိုဘာ - ၂၅ ( စနေနေ့ ) 

ယူကရိန်းနဲ့ ၎င်းရဲ့ ဥရောပ ကျောထောက်နောက်ခံများ သောကြာနေ့က လန်ဒန်တွင် တွေ့ဆုံပြီးနောက် ယူကရိန်း ကို တာဝေးပစ် လက်နက်များ အသုံးပြုခွင့် ပေးအပ်ခြင်းနှင့် ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ချက် တစ်စုံတစ်ရာ မထုတ်ပြန်ခဲ့ကြဘူးလို့ သိရပါတယ်။ 

ယူကရိန်းသမ္မတ ဗလာဒီမာဇီန်စကီး၊ နေတိုးအထွေထွေအတွင်းရေးမှူး မက်ခ်ရက်တီ၊ ယူကေဝန်ကြီးချုပ် ကီယာစတာမာ၊ နယ်သာလန်ဝန်ကြီးချုပ် ဒစ်စကော့ဖ် နဲ့ ဒိန်းမတ် ဝန်ကြီးချုပ် မက်တီ ဖရီဒရစ်ဆန်  တို့က ယူကရိန်း ကို နောက်ထပ်စစ်ရေး အကူအညီပေးရေး နဲ့ပတ်သက်ပြီး အစည်းအဝေးလုပ်ခဲ့ကြပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က တိုမာဟောက် ဒုံးကျည်များကို အသုံးပြုခွင့်ပေးရန် ငြင်းဆန်ခဲ့ပြီးနောက် ဇီလန်စကီး က တာဝေးပစ်လက်နက်များ ရဖို့ ထပ်မံရှာဖွေမှုတွေ လုပ်နေပါတယ်။ ဒါပေမဲ့ ယူကရိန်းအနေနဲ့  တာဝေးပစ်လက်နက်များ တပ်ဆင်ပိုင်ခွင့်ရှိကြောင်း မက်ခ်ရက်တီက ပြောပေမဲ့ တကယ်တမ်းကျတော့ တောင်းဆိုမှုကို အသိအမှတ်ပြုကြောင်း ထုတ်ပြန်ချက်မလုပ်ခဲ့ပါဘူး။ 

အင်္ဂလန်ဝန်ကြီးချုပ် စတားမာကတော့  ရုရှားသမ္မတ ဗလာဒီမာပူတင်ကို  စစ်ရေးအရ ဖိအားပေးဖို့အတွက် ယူကရိန်းကို တာဝေးပစ်ဒုံတွေ ပံ့ပိုးပေးမယ်ဆိုပြီး ကတိပြုခဲ့ပါတယ်။ "ယူကရိန်းကို တာလတ်ပစ် ဒုံးကျည်ပေါင်း ၅၀၀၀ ကျော်ကို ထောက်ပံ့ပေးဖို့ ယူကေက စီစဉ်နေပါတယ်” လို့ ဆိုသွားပါတယ်။ 

အမေရိကန်လုပ် တိုမာဟောက် ဒုံးကျည်များ ထောက်ပံ့ရေး အလားအလာကို မေးမြန်းသောအခါမှာတော့ ရက်တီက “ယူကရိန်းကို ပေးလိုသော လက်နက်တွေနဲ့ပက်သက်လို့ကတော့ မဟာမိတ်တစ်ဦးစီရဲ့ သဘောထားနဲ့ပဲသက်ဆိုင်နေပါတယ်” လို့ ပြောသွားပါတယ်။  


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)