ခိုးဝင်လှေမှောက်လို့ လူ ၄၀ ကျော်သေဆုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

ခိုးဝင်လှေမှောက်လို့ လူ ၄၀ ကျော်သေဆုံး


အောက်တိုဘာ - ၂၅ ( စနေနေ့ )

တူနီးရှားနိုင်ငံ မဟာဒီရာကမ်းရိုးတန်းမှာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ရွှေ့ပြောင်းလှေတစ်စီး နစ်မြုပ်ခဲ့ပြီး လူ ၄၀ ထက်မနည်း ရေနစ်သေဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ လူ ၃၀ ကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။  

ဆာဟာရဒေသဖြစ်တဲ့ တူနီးရှားနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူ ၇၀ ခန့် တင်ဆောင်လာတဲ့ သံခွံလှေက မဟာဒီရာ ဒေသ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဆာလက်တာ အနီးတွင် တိမ်းမှောက်သွားခဲ့ပါတယ်။ သေဆုံးသူများထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်များ ပါဝင်ကြောင်း ဒေသတွင်း သတင်းအေဂျင်စီတစ်ခုက ဖော်ပြခဲ့ပါတယ်။

တူနီးရှားကမ်းခြေစောင့်တပ်နှင့် ရေတပ်တပ်ဖွဲ့များသည် နံနက်အစောပိုင်းတွင် အလောင်းများကို ပြန်လည် ဆယ်ယူခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ခဲ့ပါတယ်။ မဟာဒီရာ အစိုးရရှေ့နေရုံးက အဆိုပါဖြစ်ရပ် နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကို ဖွင့်လှစ်လိုက်ပါပြီ။ 

သတင်းအများ၏ အဆိုအရ အဆိုပါလှေသည် မြေထဲပင်လယ်ကိုဖြတ်၍ ဥရောပသို့ရောက်ရှိရန် ကြိုးပမ်းနေပြီး ဆာဟာရအာဖရိကအောက်ပိုင်းရှိ ဆင်းရဲမွဲတေမှုနှင့် ပဋိပက္ခများမှ ထွက်ပြေးလာသူများ အသုံးပြုလေ့ရှိသည့် လမ်းကြောင်းကနေ လာတာဖြစ်တယ်လို့ ဆိုပါတယ်။ တူနီးရှားမြို့တောင်ဘက် ကီလိုမီတာ ၁၅၀ အကွာတွင်ရှိသော မဟာဒီရာ က စဖက်စ် ဆိပ်ကမ်းမြို့ကနေ ဥရောပသို့ ပုံမှန်မဟုတ်သော ရွှေ့ပြောင်းနေထိုင်မှုများအတွက် အဓိကထွက်ခွါရာ နေရာတစ်ခုဖြစ်ပါတယ်။ 

ဖေဖော်ဝါရီတွင် နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) က ၂၀၂၄ ခုနှစ်တုန်းက အီတလီသို့ ပင်လယ်ရေကြောင်းကနေ ရောက်ရှိလာသူ ၂၉ % ခန့်က တူနီးရှားနိုင်ငံက လာတာလို့ ဆိုပါတယ်။  အလယ်ပိုင်းမြေထဲပင်လယ်လမ်းကြောင်းကနေလာတဲ့ ရွှေ့ပြောင်းတွေထဲမှာ မနှစ်က လူပေါင်း ၂၀၀၀ နီးပါးလောက်  သေဆုံးခြင်း သို့မဟုတ် ပျောက်ဆုံးမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

စက်တင်ဘာလတုန်းကလည်း လစ်ဗျားအရှေ့ဘက်ကမ်းရိုးတန်းအနီး ‎တိုဘက်ခ်မြို့ အနီးတွင် ဆူဒန်နိုင်ငံသား အများစု တင်ဆောင်လာသော သီးခြားလှေနှစ်စင်း တိမ်းမှောက်ခဲ့ပါတယ်။ သင်္ဘောတစ်စင်းတွင် လူ ၇၄ ဦး တင်ဆောင်ကာ ၁၃ ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့ပြီး နောက်တစ်စင်းက လူ ၇၅ ဦး တင်ဆောင်ကာ မီးလောင်နှစ်မြုပ်ခဲ့ရာ အနည်းဆုံး လူ ၅၀ သေဆုံးခဲ့ပါတယ်။ “ပင်လယ်ပြင်မှာ ဒီလိုအဖြစ်ဆိုးတွေကို အဆုံးသတ်ဖို့ အရေးတကြီး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” လို့ IOM မှ ကြေကွဲဖွယ်ဖြစ်ရပ်အပြီးတွင် အလေးပေးပြောကြားခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)