ဓနုဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ




ဓနုဖြူ  ၊  အောက်တိုဘာ   ၂၅


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၉ နာရီက နန်းတော်ကုန်းကျေးရွာအုပ်စု၊ တောင်သူ ဦးစံဦးမောင်၏ ကွင်းအမှတ် ၁၉၃၊ ဦးပိုင်အမှတ် ၁၄၀/၁၊ အောင်နိုင်တိုးစပါးမျိုးစံပြကွက် လယ်မြေ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ စံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများက တောင်သူများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့သည်။ စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်းမှာ အစိုတင်း(၁၁၅.၇၀)တင်း၊ အခြောက်တင်း(၁၁၂.၂)တင်း ထွက်ရှိကြောင်း သိရသည်။


အောင်ပြည့်ဖြိုးဇော်

https://t.me/MyanmarSubtitleMovieZone2025

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)