နေပြည်တော်၊ အောက်တိုဘာ ၂၅
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ အောက်တိုဘာလ ၂၂ ရက်နေ့ ၁၄၃၀ အချိန် ကျိုင်းတုံမြို့နယ်၊ ဝိန်းကျောက်ကျေးရွာ အနီးတွင် ဂျော်နီ(ခ)ကျာဘဲ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် စိုးမြတ်မင်း(ခ)အားစန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀၀)၊ ဘိန်းစိမ်း အလေးချိန် ၅၅.၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၇၇.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ စိုးမြတ်မင်း(ခ)အားစန်း(၂၀)နှစ် နှင့် ဂျော်နီ(ခ)ကျာဘဲ တို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment