ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေရေးအဖွဲ့အား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေရေးအဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ အောက်တိုဘာ ၉

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ ချစ်ကြည်ရေးတိုးမြှင့်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေရေးအဖွဲ့ခေါင်းဆောင် တေးဂီတပညာရှင်နှင့် တေးရေး/တေးဆို Mr Vladimir Sukolinsky ဦးဆောင်သည့်အဖွဲ့နှင့် ရုရှား- မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Alexander Ostrovskyတို့သည် ယမန်နေ့က ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အား ဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် GTL ကုမ္ပဏီမှ ဒေါက်တာ စိန်ထူးတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဘယ်လာရုစ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်းနိုင်ငံ ဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုရှိပြီးဖြစ်၍ ယခုကဲ့သို့ ဂီတဖျော်ဖြေပွဲများ ပြုလုပ်ခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူအကြား ပေါင်းကူးတံတားသဖွယ် ရင်းနှီးမှုကိုတိုးမြှင့်ရရှိ မည်ဟု ယုံကြည်ပါကြောင်း၊ ယခုလာရောက် ဖျော်ဖြေပေးသည့် အဖွဲ့၏တင်ဆက်မှုကို MRTV သတင်းများတွင် ပြည့်စုံစွာ ထည့်သွင်းထုတ်လွှင့်ပြီး အကျယ်တဝင့် ဖော်ပြပေးလျက်ရှိပါကြောင်း၊ မြန်မာ - ရုရှား - ဘယ်လာရုစ် သုံးနိုင်ငံပူးပေါင်း၍ ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့နှင့် နေပြည်တော် တို့တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ရုရှား - မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Alexander Ostrovsky နှင့် ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေရေး အဖွဲ့ခေါင်းဆောင် တေးဂီတပညာရှင်နှင့် တေးရေး/တေးဆို Mr Vladimir Sukolinsky တို့ က မြန်မာနိုင်ငံသည် ကိုယ်ပိုင် ယဉ်ကျေးမှုရှိပြီး နိုင်ငံသူ၊ နိုင်ငံသားများက ယဉ်ကျေးပျူငှာ ဖော်ရွေမှုရှိကာ ယခုကဲ့သို့ ဂီတဖျော်ဖြေပွဲများ ပြုလုပ်ခွင့်ရရှိသဖြင့် နှစ်နိုင်ငံပြည်သူများအကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ခွင့်ရရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

အဆိုပါ ဖျော်ဖြေရေးအဖွဲ့သည် မန္တလေးနှင့် ပြင်ဦးလွင်တို့၌ ဖျော်ဖြေခဲ့ကြပြီး ဖြစ်ကြောင်းနှင့် ရန်ကုန်နှင့် နေပြည်တော်တို့တွင် မြန်မာ-ရုရှား-ဘယ်လာရုစ် သုံးနိုင်ငံဖျော်ဖြေပွဲဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)