ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိ ပညာပေးဆိုင်းဘုတ်များစိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိ ပညာပေးဆိုင်းဘုတ်များစိုက်ထူ







ပုဇွန်တောင်၊ အောက်တိုဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မကြာမီကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသိ ပညာပေးဆိုင်းဘုတ်များစိုက်ထူခြင်းကို ယနေ့နံနက် ၆ နာရီ မိနစ် ၃၀ အချိန်က သတ်မှတ်နေရာ များတွင် တာ၀န်ရှိသူများက စိုက်ထူပေးခဲ့ကြောင်း သိရသည်။

အဆိုပါ "၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့ " စာသားပါရှိသည့် ပြည်သူလူထုအသိပညာပေးဆိုင်းဘုတ်များကို အထက်ပုဇွန်တောင် လမ်း ရှိ  ပုဇွန်တောင်ဈေးနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အထက်/အောက်ပုဇွန်တောင်လမ်းဆုံရှိ ပုဇွန်တောင်ပန်းခြံရှေ့တို့တွင် စိုက်ထူခဲ့ကြရာ ဗိုလ်တထောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော် မတီ အဖွဲ့ဝင်(၃) ဒေါ်တင်မိုးမိုးအေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုး အောင်နှင့်အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်သန်းနှင့် တာဝန်ရှိသူ များက ဆိုင်းဘုတ်များအား အောင်သပြေနှင့် နံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ၊ အထွေထွေရွေးကောက်ပွဲ လူထုအသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူရာသို့ ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၃)၊ ပုဇွန်တောင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ရပ်/ ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။


ဟန်စုယဉ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)