ပူတင် - ထရမ့် ထိပ်သီးဆွေးနွေးပွဲ အတွက် ရုရှားဘက်က လက်မလျှော့ သေးပါဘူး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတင် - ထရမ့် ထိပ်သီးဆွေးနွေးပွဲ အတွက် ရုရှားဘက်က လက်မလျှော့ သေးပါဘူး


အောက်တိုဘာ - ၂၈ ( အင်္ဂါနေ့ ) 

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ကြား အလားအလာရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲ အတွက် မော်စကိုက ပြင်ဆင်နေဆဲဖြစ်တယ်လို့ သမ္မတလက်ထောက် ယူရီ အက်ရှာကောဗ် က ပြောပါတယ်။

ဖြစ်နိုင်ချေရှိတဲ့ ထိပ်သီးအစည်းအဝေးပွဲ နဲ့ ပတ်သက်ပြီး အချိန်ကာလနဲ့ ပတ်သက်ပြီး မေးမြန်းရာတွင် "အချိန်ဇယား မရှိသေးပေမယ့် ကျွမ်းကျင်သူတွေက ကြိုတင်ပြင်ဆင်ထားပြီး အစည်းအဝေးကျင်းပဖို့  အသင့်ရှိနေပါပြီ"  လို့ ဆိုပါတယ်။ 

ထရမ့်- ပူတင် ထိပ်သီးဆွေးနွေးပွဲက မဖြစ်မနေ လိုအပ်တာမို့လို့ နောက်ထပ်တွေ့ စရာတွေ ရှိဦးမလားလို့ သတင်းထောက်တွေက ဖိအားပေး မေးရမှာတော့ “အဲ့လိုတော့ တိတိကျကျ မသိဘူး။ ဒါပေမဲ့ မြန်ကောင်း မြန်နိုင်မှာပါ။ ပြီးခဲ့တဲ့ အလက်စကာ ဆွေးနွေးပွဲတုန်းကလည်း ချက်ခြင်းကြီး ဆိုသလို ထလုပ်လိုက်ရတာပါ” လို့ ပြောပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယခုလအစောပိုင်းတွင် ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မှာ ပူတင် နဲ့  ထိပ်သီးဆွေးနွေးပွဲကျင်းပရန် အဆိုပြုခဲ့ပြီး မော်စကိုက လက်ခံလိုက်တော့မှပဲ ထရမ့်က သူသွားလိုတဲ့ လမ်းကြောင်း မရောက်နိုင်ဘူး ထင်လို့ဆိုပြီး ရက်အနည်းငယ်အကြာမှာ ဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်ပါတယ်။  

ယူကရိန်း နဲ့ ၎င်းရဲ့ အနောက်နိုင်ငံ ကျောထောက်နောက်ခံများက ချက်ချင်း အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန် အကြိမ်ကြိမ် တောင်းဆိုနေခဲ့ပေမဲ့ မော်စကိုက အဲ့လို အပစ်အခတ်ရပ်စဲရေးကို သတိထားနေပါတယ်။ ယူကရိန်းစစ်တပ်အား ပြန်လည်ဖြည့်တင်းရန် နဲ့ ၎င်းရဲ့ ကျောထောက်နောက်ခံများထံမှ လက်နက်များ ပိုမိုရရှိရန် အချိန်ပေးသည့် နည်းလမ်းအဖြစ်လို့သာ ရုရှားဘက်က မှတ်ယူနေပါတယ်။ 


REF: RT

ttps://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)