ဒေးဒရဲမြို့၊ စက္ခုဒါနဆေးခန်း၌ မျက်စိရောဂါခွဲစိတ်ကုသပေးလျက်ရှိသည့်လုပ်ငန်းများအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့၊ စက္ခုဒါနဆေးခန်း၌ မျက်စိရောဂါခွဲစိတ်ကုသပေးလျက်ရှိသည့်လုပ်ငန်းများအား ကြည့်ရှုအားပေး

 



ဒေးဒရဲ  ၊  အောက်တိုဘာ ၂၈


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စက္ခုဒါနဆေးခန်း၌ မျက်စိဝေဒနာ ပတ်သက် သောရောဂါများ စမ်းသပ်ခြင်း၊ ခွဲစိပ်ကုသခြင်းလုပ်ငန်းများအား အပတ်စဥ်ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ မျက်စိဝေဒနာရှင် ပြည်သူများအား အခမဲ့စမ်းသပ်ပေးခြင်းနှင့် ခွဲစိတ်ကုသမှုလုပ်ငန်းများအား မြို့နယ်စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။


 အဆိုပါကြည့်ရှုစစ်ဆေးရာတွင် စက္ခုဒါနဆေးခန်း ဦးဆောင်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ပညာစာရနှင့် တာဝန်ရှိသူများက  ဆေးခန်းတည်ဆောက်လည်ပတ်နေမှု၊ မျက်စိဝေဒနာ ရှင်များ ကုသဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြသခဲ့ပြီး မျက်စိခွဲစိတ်ကုသမည့် ပြည်သူများအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဒေးဒရဲမြို့နယ် စက္ခုဒါနဆေးခန်းအား (၂၀၁၅) ခုနှစ်မှ စတင်၍ ဖွင့်လှစ်၍ စမ်းသပ်ကုသ မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဒေးဒရဲမြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ မြို့နယ်၊ ကျေးရွာများမှ ရဟန်း၊ သံဃာ၊ သီလရှင်နှင့် နွမ်းပါးဝေဒနာရှင်များအား (အခမဲ့)၊ အခြားမျက်စိလူနာရှင်များအား စရိတ်မျှပေးစနစ်ဖြင့် မျက်စိဝေဒနါရှင် (၁၂၃၀၆)ဦးအား စမ်းသပ်ကုသပေးခဲ့ခြင်း (၂၈၈၃)ဦးအား ခွဲစိတ်ကုသပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)