ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး ဆိုင်းဘုတ်ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး ဆိုင်းဘုတ်ဖွင့်ပွဲကျင်းပ









နေပြည်တော်၊ အောက်တိုဘာ ၂၈ 

နေပြည်တော်၊ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှာ ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်ဖွင့်ပွဲ ကျင်းပရာ ပါတီဌာနချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပါတီဦးဆောင်သူများ ဝင်ရောက် ရွေးချယ်ခံကြမည့် ကိုယ်စားလှယ်များနှင့် ပါတီဝင်များ တက်ရောက်ကြသည်။

အခမ်းအနား အဖွင့်အမှာစကားတွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ က "ဒီမိုကရေစီနစ်ကို ဖော်ဆောင်ရာမှာ ရွေးကောက်ပွဲဆိုတာ မဖြစ်မနေဖြတ်သန်းရမယ့် မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကြီးကို လွတ်လပ်၊ မျှတ၊ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် နိုင်ငံတော်က တာဝန်ရှိအဖွဲ့အစည်းအသီးသီးက နိုင်ငံတကာ အသိသက်သေတွေရဲ့ ရှေ့မှောက်မှာ ဆောင်ရွက်သွားမှာဖြစ်လို့ ဒီရွေးကောက်ပွဲက ပေါ်ထွက်လာမယ့် ရလဒ်ဟာလည်း တရားဝင်မှု ရှိစေမှာ ဖြစ်ပါတယ်။ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ မနက်(၆ ၀၀)နာရီကစပြီး ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ ည(၁၂ ၀၀)နာရီအထိ အချိန်ကာလဟာ တရားဝင် မဲဆွယ်စည်းရုံးခွင့် ပြုထားတဲ့ ကာလဖြစ်ပါတယ်။ ကျွန်တော်တို့ ပါတီဟာ ဥပဒေကို လေးစားလိုက်နာပြီး စည်းစနစ်ဘောင်အတွင်းက သိက္ခာရှိစွာ ရပ်တည်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် မဲဆွယ်စည်းရုံးခွင့် ကာလအတွင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ချမှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ ဆောင်ရန် / ရှောင်ရန်တွေကို တိကျစွာ လိုက်နာပြီး မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။" ဟု ပြောကြားသည်။

ဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကား ပြောကြားပြီးနောက် အောင်နိုင်ရေးဆိုင်းဘုတ်များကို ဥက္ကဋ္ဌနှင့်အတူ ဒုဥက္ကဋ္ဌများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး မျိုးဆက်သစ် ကလေးငယ်များက စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် အပါအဝင် ပါတီအောင်နိုင်ရေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

မီဒီယာများ၏ မေးမြန်းမှုများနှင့် ပတ်သက်၍ ပါတီဥက္ကဋ္ဌ က ပြန်လည်ဖြေကြားရာတွင် အောင်နိုင်ရေး ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ တောင်သူလယ်သမားများ ကြွေးမြီကင်းရှင်းရေးအစီအမံများကို ရှင်းလင်းပြောကြားပြီး သွားသည်။ ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေး ဆောင်ပုဒ်အဖြစ် "ပိုမိုခိုင်မာ ပြည်မြန်မာ" ဟူသော ဆောင်ပုဒ်ကို အသုံးပြုထားသည်။


ttps://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)