ထိုင်ဝမ်သမ္မတက ထိုင်ဝမ်ကျွန်းကို နိုင်ငံခြားတိုင်းပြည်တွေကို ရောင်းချဖို့အတွက် ကြိုးစားနေတယ်လို့ တရုတ်ဘက်က ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်ဝမ်သမ္မတက ထိုင်ဝမ်ကျွန်းကို နိုင်ငံခြားတိုင်းပြည်တွေကို ရောင်းချဖို့အတွက် ကြိုးစားနေတယ်လို့ တရုတ်ဘက်က ဆို


အောက်တိုဘာ - ၉ ( ကြာသပတေးနေ့ ) 

ထိုင်ဝမ်သမ္မတ လိုင်ချင်တီ က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို တရုတ်နိုင်ငံကနေ ခွဲထွက်နိုင်ဖို့အတွက် ပြည်ပအင်အားကြီးနိုင်ငံများသို့ ရောင်းချဖို့ အရှိန်မြှင့်နေကြောင်း တရုတ်အစိုးရရဲ့တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ 

ထိုင်ဝမ်သမ္မတ လိုင်က  အင်တာဗျူးတစ်ခုတွင် ထိုင်ဝမ်သည် လွတ်လပ်သောနိုင်ငံတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းမဟုတ်ကြောင်း နဲ့ တရုတ်အစိုးရက ကျွန်းကိုကျူးကျော်ပိုင်ခွင့်မရှိဘူး လို့ ပြောလိုက်ပါတယ်။ ထိုင်ဝမ်ကို အပြီးအပိုင် စွန့်လွှတ်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို စည်းရုံးခဲ့မယ်ဆိုရင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဆွတ်ခူးသင့်တယ်လို့လည်း သူက ပြောပါတယ်။

အဲ့ဒိစကားကို တုံ့ပြန်တဲ့အနေဖြင့် တရုတ်နိုင်ငံ၏ ထိုင်ဝမ်ရေးရာရုံးက လိုင်ရဲ့ မှတ်ချက်ကို “အလကား အချည်းနှီး”ပါပဲ လို့ ပြောခဲ့ပြီး “ထိုင်ဝမ်လွတ်လပ်ရေးဆိုတာ ခွဲထွက်ရေးလိမ်လည်မှုများကို ဝါဒဖြန့်ခြင်း”လို့ စွပ်စွဲခဲ့ပါတယ်။  

“သူဟာ စည်းမဲ့ကမ်းမဲ့ နိုင်ငံခြားလှည့်ဖြားမှုတွေနဲ့ ထိုင်ဝမ်ကို ရောင်းစားနေတာ၊ လူတွေရဲ့ အသွေးအသားတွေကို သုတ်သင်နေတာ၊ သူ့ကိုယ်သူ ပြည့်တန်ဆာလုပ်ပြီး နိုင်ငံခြားတပ်ဖွဲ့တွေနဲ့ လုယူတာကို ခွင့်ပြုဖို့ ပါဝင်ခဲ့တယ်” လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ 

မကြာသေးမီလများအတွင်း နိုင်ငံခြား နိုင်ငံရေးသမားများက သူတို့ရဲ့ ပြည်တွင်း ပဋိပက္ခ တွေကို ကြားဝင်ဖြန်ဖြေရေး ကြိုးပမ်းမှုများအတွက် ထရမ့်ကို နိုဘယ်ငြိမ်းချမ်းရေးဆု ရသင့်ကြောင်း တောင်းဆိုခဲ့ကြပါတယ်။ တကယ်တော့ အမေရိကန်ရဲ့ မျက်နှာသာပေးမှုကို ရဖို့အတွက် ကြိုးပမ်းနေကြတာပါ။  

အမေရိကန်-တိုင်ပေ ပူးပေါင်းဆောင်ရွက်မှုသည် ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများ ပုံမှန်ပြုလုပ်လေ့ရှိသည့် တရုတ်နိုင်ငံအတွက် အဓိက ပြိုင်ဆိုင်မှုတစ်ခု ဖြစ်လာနေပါတယ်။ တရုတ်နိုင်ငံက ထိုင်ဝမ်ကို ၎င်းရဲ့ အချုပ်အခြာပိုင်နက် အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပါတယ်။ ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးသည် ရှောင်လွှဲ၍မရကြောင်း ရှီက ပြောကြားခဲ့ပြီး ဘေဂျင်းသည် ၎င်းအား ပြန်လည်ပေါင်းစည်းရန် အင်အားသုံးခြင်းကိုတော့ တားမြစ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)